Connect with us

Africa & Middle East

အီရန်တွင် ငွေနှင့်ရွှေဈေးကွက် ကမောက်ကမ ဖြစ်အောင်ပြုလုပ်သူ ၃ဦးအား သေဒဏ်ချမှတ်

အီရန်နိုင်ငံ ရှိ တရားရုံးတစ်ခု၌ တရားစီရင်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တရားရုံးတစ်ခု က စီးပွားရေးဆိုင်ရာ အကျင့်ပျက်လုပ်ဆောင်မှုဖြင့် တရားခံ ၃ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း Tehran Times သတင်းစာ က စက်တင်ဘာ ၃၀ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ စီရင်ချက်အား အောက်တရားရုံး က ချမှတ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ် စီရင်ချက် ချမှတ်ရန် အထက်တရားရုံးသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း တရားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Gholam-Hossein Mohseni-Eje’i ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ အခြားတရားခံ ၃၂ဦးကိုလည်း အလားတူ စွဲချက်များဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

မကြာသေးမီကပင် အီရန်ရဲတပ်ဖွဲ့သည် ငွေကြေး နှင့် ရွှေဈေးကွက်အား ကမောက်ကမဖြစ်အောင် ပြုလုပ်သူ အများအပြားကို ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.