Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး အဖွဲ့အစည်း က တရားမဝင် ဖမ်းဆီးသူ ၃ ဦး အား ပစ်ခတ် ရှင်းလင်း

ကင်ညာ နိုင်ငံ အမျိုးသား ဥယာဉ် အတွင်း ရှိ ရှားပါး တိရစ္ဆာန် တစ်ကောင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဌာန ၏ လုံခြုံရေး ဝန်ထမ်း များက နိုင်ငံ အနောက်ပိုင်း Mount Elgon အမျိုးသား ဥယျာဉ် အတွင်း တရားမဝင် ဖမ်းဆီးသူ များနှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ဖမ်းဆီးသူ ၃ ဦး ကို ပစ်ခတ် ရှင်းလင်း နိုင်ခဲ့ကြောင်း မေလ ၃၀ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ကင်ညာ နိုင်ငံ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဌာန ပြောရေးဆိုခွင့်ရှိသူ က လုံခြုံရေး ဝန်ထမ်း များအနေဖြင့် ကင်းလှည့် စစ်ဆေးမှု ဆောင်ရွက်စဉ် တရားမဝင် ဖမ်းဆီးသူ ၅ ဦး ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ အနက် ၂ ဦး မှာ လက်နက်များ ကိုင်ဆောင် ထားကြောင်း ၊ လက်နက် ကိုင်ဆောင် ထားသူ ၂ ဦး က တိုက်ခိုက်မှု ဖြစ်ပွား ရာတွင် ဒဏ်ရာရရှိကာ ထွက်ပြေး သွားပြီး ကျန် ၃ ဦး ကို ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ၊ လုံခြုံရေး ဝန်ထမ်း များက ဖမ်းဆီးသူ များထံ မှ တိရစ္ဆာန် များ ဖမ်းဆီး ရာတွင် အသုံးပြုသည့် လက်နက်များစွာ ကို သိမ်းဆည်း ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ မျိုးသုံးပျောက်ကွယ်လုနီးပါး တိရစ္ဆာန်များ နိုင်ငံတကာ ကုန်သွယ်မှု သဘောတူညီချက် အဖွဲ့အစည်း က ယခင်နှစ် အောက်တိုဘာလ ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် အာဖရိက တိုက်ရှိ တိရစ္ဆာန် ကာကွယ်ရေး အခြေအနေ မှာ စိုးရိမ်ဖွယ်ရာ အခြေအနေ တွင် ဆက်လက်တည်ရှိနေပြီး တရားမဝင် ဖမ်းဆီးခြင်း က တိရစ္ဆာန်များ လျော့ကျ လာရခြင်း ၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း ပါဝင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.