Connect with us

Africa & Middle East

အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အိုင်အက်စ်များထိန်းချုပ်ထားသော မိုဆူးလ်မြို့အနီးအထိ ပြန်လည်သိမ်းပိုက်

အီရတ်နိုင်ငံ မိုဆူးလ်မြို့ ၌ တိုက်ပွဲဝင်နေသည့် အီရတ်တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မိုဆူးလ် ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်သည် အိုင်အက်စ်အကြမ်းဖက်သမားများထိန်းချုပ်ထားသည့် မိုဆူးလ်မြို့အနီးရှိ Hamdaniyah မြို့ကို ယနေ့အောက်တိုဘာလ ၂၂ ရက်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

အဆိုပါမြို့ကို ပြန်လည်သိမ်းပိုက်ရာတွင် ပြင်းထန်သော မြေပြင်ခုခံမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။(Xinhua)