Connect with us

Africa & Middle East

ဇင်ဘာဘွေနိုင်ငံ ခေါင်းဆောင်ဟောင်း မူဂါဘီ အသက် ၉၅ နှစ်တွင် ကွယ်လွန်

ဇင်ဘာဘွေ နိုင်ငံ သမ္မတဟောင်း ရောဘတ် မူဂါဘီအား တွေ့ရစဉ် (ဆင်ဟွာ)

ဟာရာရီ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ ခေါင်းဆောင်ဟောင်း ရောဘတ် မူဂါဘီ (Robert Mugabe) သည် အသက် ၉၅ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များစွာက စက်တင်ဘာလ ၆ ရက်တွင် ဖော်ပြခဲ့သည်။

“ဇင်ဘာဘွေနိုင်ငံ တည်ထောင်သူဖခင်ကြီးလည်းဖြစ်၊ သမ္မတဟောင်းလည်းဖြစ်သူ စီဒီ ရောဘတ် မူဂါဘီ ကွယ်လွန်ကြောင်း ကြေညာရတဲ့အတွက် အဆုံးစွန် ကြေကွဲဝမ်းနည်းရပါတယ်” ဟု လက်ရှိ ဇင်ဘာဘွေ သမ္မတ အမ်မာဆန် မနန်ဂါဂွာ (Emmerson Mnangagwa) က တွစ်တာပေါ်၌ ရေးသားထားသည်။

မူဂါဘီသည် ဧပြီလကတည်းက စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကုသမှုခံယူနေခဲ့ဖွယ်ရှိသည်။

မူဂါဘီသည် ဇင်ဘာဘွေနိုင်ငံအား ၂၀၁၇ ခုနှစ်တွင် ရာထူးမှဖြုတ်ချခြင်းခံရသည်အထိ နှစ်ပေါင်း ဆယ်စုနှစ်လေးခုနီးပါး အုပ်ချုပ်ခဲ့သူဖြစ်သည်။ (Xinhua)