Connect with us

Africa & Middle East

ကဘူးလ်မြို့ စစ်ဆေးရုံ တိုက်ခိုက်ခံရမှုတွင် လူ ၃၀ကျော်သေဆုံး၊ ၅၀ကျော်ဒဏ်ရာရရှိ

ကဘူးလ်မြို့ စစ်ဆေးရုံ တိုက်ခိုက်ခံရပြီးနောက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မတ် ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ တွင် IS စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့သော စစ်ဆေးရုံတစ်ခုအား အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွင် သေဆုံးသူအများအပြားရှိခဲ့ပြီး နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

Wazir Akbar Khan သံတမန်ရုံးစိုက်ရာ ခရိုင် ရှိ Sardar Mohammad Daud Khan ဆေးရုံအား မတ် ၈ ရက် နံနက်ပိုင်းက အသေခံဗုံးခွဲသမား ၄ဦး၏ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၃၀ကျော်သေဆုံးခဲ့ပြီး အခြားလူ ၅၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ မိုဟာမက် အရှာရက်ဖ် ဂါနီ က စစ်ဆေးရုံ အသေခံဗုံးဖောက်ခွဲမှုသည် သူရဲဘောကြောင်သည့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ကြေညာခဲ့ပြီး အပြစ်မဲ့အာဖဂန်ပြည်သူများကို သတ်ဖြတ်နေသော အကြမ်းဖက်သမားများ နှင့် ဆွေးနွေးပြောဆိုသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများတွင် ကုတင် ၄၀၀ဆန့်ဆေးရုံရှိ ဆရာဝန်များ၊ လူနာများ နှင့် ပြည်သူ့ဝန်ထမ်း များပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သမ္မတ ဂါနီ က လူသားမဆန်သည့် သတ်ဖြတ်မှုကြီးတွင် ပါဝင်ခဲ့သူအားလုံးကို တရားဥပဒေအတိုင်း အပြစ်ပေးနိုင်ရန် လုံခြုံရေးတပ်ဖွဲ့များကို အမိန့်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား အကောင်းဆုံး ဆေးကုသမှုများ ထောက်ပံ့ပေးရန်လည်း ကျန်းမာရေးအာဏာပိုင်များအား ညွှန်ကြားခဲ့သည်။

မတ်လ ၈ ရက် နံနက်ပိုင်းတွင် ဆရာဝန်ပုံစံဟန်ဆောင်ထားသော အကြမ်းဖက်သမားများသည် ဆေးရုံဝင်ပေါက်အား အသေခံဗုံးတစ်လုံးဖြင့် ဖောက်ခွဲခဲ့ပြီးနောက် ဆေးရုံအတွင်းသို့ AK-47 သေနတ်များ၊ လက်ပစ်ဗုံးများ နှင့် အသေခံဗုံးများတပ်ဆင်ထားသော အကြမ်းသမားများ ဝင်ရောက်လာကာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ က အကြမ်းဖက်မှုအား မတားဆီးနိုင်ခင်မှာပင် လူနာများ နှင့် ဆေးရုံဝန်ထမ်းများအား ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂထောက်ပံ့ပေးအဖွဲ့ (UNAMA) က စစ်ဆေးရုံအကြမ်းဖက်တိုက်ခိုက်မှုအား IS စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့ပြီး UNAMA က သေဆုံးသူဦးရေကို ဆက်လက်အတည်ပြုနေကာ သေဆုံးသူဦးရေများပြားလာနိုင်ကြောင်း ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး ဒဏ်ရာရရှိသူအများအပြားသည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း သိရသည်။

မတ်လ ၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ ကို နိုင်ငံအတွင်းကျင်းပခဲ့သည့်အတွက် ယင်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၆ခုနှစ်အတွင်း အာဖဂန်နိုင်ငံတစ်ဝန်း ပဋိပက္ခနှင့် ဆက်စပ်နေသည့် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၃,၄၉၀ဦးကျော် သေဆုံးခဲ့ပြီး ၇,၉၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း UNAMA ကထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.