Connect with us

Africa & Middle East

အာဖဂန် မြို့တော်တွင် ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွား

အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အာဂန် ဆေးရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ မတ် ၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၌ မတ်လ ၈ ရက်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၃ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်သူ ၂ ဦးလည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကဘူးလ်မြို့ စစ်ဆေးရုံ၌ ဖြစ်ပွားခဲ့သော တတိယအကြိမ် ပေါက်ကွဲမှုတွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့တယ်၊ ဒဏ်ရာရရှိသူတွေကို Wazir Akbar Khan ဆေးရုံသို့ တင်ထားတယ်”ဟု ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Ismahil Kawosi က မီဒီယာသို့ ပြောကြားခဲ့ပြီး အခြား ပျက်စီးသည့် အချက်အလက်များအား နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

အစိုးရ ရုံးများနှင့် သံရုံးများ အခြေစိုက်ရာ Wazir Akbar Khan နယ်မြေတွင် ယနေ့ နံနက် ဒေသစံတော်ချိန် ၉း၀၅ နာရီအချိန်၌ ပထမအကြိမ် ပေါက်ကွဲခဲ့ပြီးနောက် အခြား နောက်ထပ် ပေါက်ကွဲမှု တစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။

တတိယအကြိမ် ပေါက်ကွဲမှုမှာ ဒေသစံတော်ချိန်နံနက် ၁၀း၄၆ နာရီအချိန်၌ အဆောက်အဦအပေါ်တွင် စစ်တပ် ရဟတ်ယာဉ်များ ပျံဝဲနေခိုက် အဆောက်အဦ ကားပါကင်အတွင်း ကားဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် အနည်းဆုံး အသေခံ ဗုံးခွဲသမား ငါးဦး ပါဝင်နိုင်ကြောင်း ဒေသခံ မီဒီယာက သတင်း ရေးသားထားသည်။

တိုက်ခိုက်သူများအား ဖမ်းဆီးရမိရေးအတွက် အာဖဂန် ပဋိပက္ခ တုန့်ပြန်ရေး ယူနစ် (CRU) တပ်ဖွဲ့များအား တပ်ဖြန့်ထားကြောင်း လုံခြုံရေး တပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အမေရိကန် သံရုံးအနီး သံတမန် အများစု နေထိုင်သည့် ခရိုင်ရှိ ကုတင် ၄၀၀ ဆံ့ ဆေးရုံသည် အာဖဂန်နိုင်ငံအတွင်း အဓိကနှင့် အကြီးဆုံး စစ်ဆေးရုံ တစ်ခု ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.