Connect with us

Africa & Middle East

တူနီးရှား အစိုးရ အနေဖြင့် အကြမ်းဖက် သမားပေါင်း ၂၉၀၀ ၏ အမည် စာရင်းကို သိရှိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်

တူနီးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီး Hedi Majdoub အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တူနီးရှား ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တူနီးရှား ပြည်ထဲရေး ဝန်ကြီး Hedi Majdoub က ဇန်နဝါရီ ၃ ရက်နေ့တွင် တူနီးရှား လုံခြုံရေး ဌာန အနေဖြင့် တူနီးရှား နိုင်ငံသား အကြမ်းဖက် သမားများ ၂၉၀၀ ဦး ၏ အမည်စာရင်းကို သိရှိထားပြီးဖြစ်ကာ ထိုအတွင်း မှ ၃၀၀ ဦးခန့်သည် အလွန် အန္တရာယ် များသည့် အကြမ်းဖက် သမားများဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Hedi Majdoub မှ ဒေသတွင်း မီဒီယာ ၏ အင်တာဗျူ တစ်ခုတွင် လုံခြုံရေး ဌာန အနေဖြင့် လူပေါင်း၂၉၂၉ ဦးတို့အား အကြမ်းဖက် သမားအဖြစ် သတ်မှတ် ခဲ့ပြီး ထိုအတွင်း မှ ၁၀၀၀ ကျော် သည် ဆီးရီးယား တွင်ရှိကာ ၅၀၀ ဦးသည် လစ်ဗျား နှင့် ၁၅၀ ဦးခန့်သည် အီရတ် တွင်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ၄၀၀ ဦးခန့်သော အကြမ်းဖက် သမားများသည် မည်သည့်နေရာတွင် ရောက်ရှိနေသည် ကို မသိရကြောင်း ၊ Hedi Majdoub ၏ ပြောကြား ချက်အရ ထို မသိရှိရသော သူများသည် တိုက်ပွဲဖြစ်ပွားသည့် နေရာများ နှင့် ဥရောပ တွင် ဖြစ်နိုင်ကြောင်း ၊ တူနီးရှား သတင်းအချက်အလက် ဌာန သည် ယခု အချိန်တွင် အခြား နိုင်ငံ များနှင့် ပူးပေါင်းကာ ထိုသူများ၏ တည်နေရာ ကို သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

တူနီးရှား မီဒီယာ များကအကြမ်းဖက်သမား အယောက် ၈၀၀ သည် တူနီးရှား သို့ ပြန်လည်ဝင်ရောက် ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြချက်နှင့် ပတ်သက်၍ Hedi Majdoub က သတင်းအချက်အလက်ဌာန အနေဖြင့် ထိုသူများ၏ အခြေအနေကို သိရှိထားပြီးဖြစ်ကြောင်း နှင့် ထိုသူများသည် နိုင်ငံတွင်း နေရာ အနှံအပြားတွင် ပျံ့နှံနေပြီး အများဆုံးမှာ မြို့တော် တွင်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူနီးရှား နိုင်ငံ သည် ၂၀၁၁ ခုနှစ်တွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် နိုင်ငံရေး အခြေအနေသည် တည်ငြိမ်မှု မရှိခဲ့ဘဲ စီးပွားရေး ဖွံ့ဖြိုးမှုသည်လည်း ရပ်တန့်ခဲ့သည်။အစွန်းရောက် အတွေးအခေါ်များနှင့် အကြမ်းဖက်ဝါဒ များသည်လည်း ပျံနှံခဲ့သည်။၂၀၁၅ ခုနှစ်တွင် တူနီးရှား နိုင်ငံ တွင် အကြီးစား အကြမ်းဖက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၀ ဦးသေဆုံးခဲ့ရာတွင် နိုင်ငံခြားခရီးသွားဧည့်သည် နှင့်လုံခြုံရေးသမားများကို အဓိက ပစ်မှတ်ထား ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပြင်သစ် နှင့် ဂျာမဏီ ၌ ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုများတွင် များသောအာဖြင့် တူနီးရှား နိုင်ငံသား အကြမ်းဖက် သမားများဖြစ်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.