Connect with us

Africa & Middle East

ကုလသမဂ္ဂ နှင့် အတိုက်အခံများအကြား ဆွေးနွေးပွဲ ရွှေ့ဆိုင်း

ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံ စတပ်ဖန် ဒီ မစ်တူရာ (ဝဲမှ ဒုတိယ) နှင့် ဆီးရီးယား အတိုက်အခံ ကိုယ်စားလှယ်များ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ဂျနီဗာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂနှင့် ဆီးရီးယားနိုင်ငံ အဓိက အတိုက်အခံများအကြား တွေ့ဆုံ ဆွေးနွေးပွဲအား အချိန် အကန့်အ သတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ဆီးရီးယား အစိုးရနှင့် ရုရှား စစ်ရေး လုပ်ဆောင်မှုများသည် လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အနှောင့်အ ယှက် ဖြစ်စေကြောင်း အတိုက်အခံများဘက်မှ စွပ်စွဲလိုက်သည်။

ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံ စတပ်ဖန် ဒီ မစ်တူရာနှင့် ဆီးရီးယား အဓိက အတိုက်အခံ အဆင့် မြင့် ညှိနှိုင်းရေး ကော်မတီ (HNC) ကိုယ်စားလှယ်အဖွဲ့တို့သည် ကုလသမဂ္ဂ ရုံးချုပ်၌ ဇန်နဝါရီလ၂ ရက် နေ့လည်တွင် ဒုတိယအကြိမ် တွေ့ဆုံရန် စီစဉ်ထားရာမှ နောက်ပိုင်းတွင် ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

ဆီးရီးယား အစိုးရ၏ အုပ်ချုပ်ပုံ နည်းစနစ်နှင့် ရုရှားနိုင်ငံ၏ လုပ်ဆောင်ချက်များသည် နိုင်ငံရေး လုပ်ငန်းစဉ်များ အား စိုးရိမ်ဖွယ် ဖြစ်စေကြောင်း၊ ယင်းလုပ်ငန်းစဉ်အဆင့်တိုင်းအား သေချာခိုင်မာစေရန် နိုင်ငံတကာ အသိုင်း အဝိုင်းက လောလောဆယ် အလေးအနက်ထား လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း အတိုက်အခံများဘက်က ပြောကြားခဲ့သည်။

ဆီးရီးယား အစိုးရနှင့် အတိုက်အခံများအကြား ကုလသမဂ္ဂ ကြားဝင် စေ့စပ်ဆွေးနွေးပွဲအား ကုလသမဂ္ဂရုံးချုပ် တည်ရှိရာ ဂျီနီဗာ၌ ဇန်နဝါရီလ ၁ ရက်က စတင်ကျင်းပခဲ့ရာ နှစ်ဘက် အဖွဲ့အကြား အကြိတ်အနယ် ဆွေးနွေးခဲ့ ရကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံအတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ငါးနှစ်တာကာလအတွင်း ဆီးရီးယား ပြည်သူပေါင်း ၂၅၀,၀၀၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ လေးသန်းကျော်မှာ အရှေ့အလယ်ပိုင်း နိုင်ငံများသို့ စစ်ဘေးရှောင် ထွက် ပြေး တိမ်းရှောင်ခဲ့ကြသည်။
ယင်း ပဋိပက္ခများကြောင့် နိုင်ငံအတွင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးသူများ ၆.၅ သန်းရှိပြီး နိုင်ငံအတွင်း၌လည်း ပြည်သူ ၁၃.၅ သန်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိနေပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.