Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ မိုင်ဒူဂူရီမြို့ အနီး အသေခံ ဗုံးခွဲမှုတွင် အနည်းဆုံး ၆၉ ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မိုင်ဒူဂူရီမြို့ အနီး အသေခံ ဗုံးခွဲမှုပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ် (အင်တာနက်)

အဘူဂျာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နို ပြည်နယ် မြို့တော် မိုင်ဒူဂူရီအနီး လူအုပ်ထဲသို့ အသေခံ ဗုံးဖောက်ခွဲခဲ့ရာ အနည်းဆုံး လူ ၆၉ ဦး သေဆုံးခဲ့ကြောင်း အစိုးရ ဆေးရုံ သတင်းရင်းမြစ်က ဇန်နဝါရီလ ၃၁ ရက်က ပြောသည်။

ဇန်နဝါရီလ ၃၁ ရက် နှောင်းပိုင်းက အဆိုပါ ဒေသအတွင်းရှိ ဒါလော်ရှီနှင့် ဝဲလ်လော်ရီ ကျေးရွာများ၌ ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပြီးနောက် ဆေးရုံ၏ အရေးပေါ် ဋ္ဌာနတွင် လူနာ ၅၅ ဦး ရောက်ရှိလာခဲ့ ကြောင်း ဘော်နိုပြည်နယ် အထွေထွေဆေးရုံကြီးရှိ အမည်မဖော်လိုသူ အဆင့်မြင့် ကျန်းမာရေး အရာရှိက ပြောသည်။

အသေခံ ဗုံးဖောက်ခွဲသူ အမျိုးသမီး သုံးဦးသည် ရွှေ့ပြောင်း ဒုက္ခသည်များ နေထိုင်ရာ စခန်းအတွင်းရှိ လူအုပ်ထဲသို့ ပြေးဝင်သွားပြီးနောက် ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း၊ တဲအတွင်း နေထိုင်သူများမှာ အသက်လု ထွက်ပြေးခဲ့ ရကြောင်း နိုင်ဂျီးရီးယား အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မက်စ်တာဖာ အန်ကက်စ် (Mustapha Ankas) က ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

ထိုဗုံးဖောက်ခွဲမှု၏ နောက်ကွယ်၌ Lake Chad ခရိုင်အတွင်းရှိ နိုင်ဂျီးရီးယား အခြေစိုက် အကြမ်းဖက်အဖွဲ့ ဘိုကို ဟာရမ် ရှိနိုင်ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်က အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး လူပေါင်း ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ဘော်နိုပြည် နယ် ချီဘော့ခ်မြို့တွင် အသေခံဗုံးဖောက်ခွဲမှုနှင့် လူ ၁၈ ဦး သေဆုံးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်က Adamawa ပြည်နယ်အနီးက အသေခံဗုံး ဖောက်ခွဲမှုများအား ပြုလုပ်ခဲ့ကြောင်း အဆိုပါ အကြမ်းဖက်အဖွဲ့က ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.