Connect with us

Africa & Middle East

ဆီးရီးယား အစိုးရ တပ်ဖွဲ့ နှင့် လက်နက်ကိုင် တပ်ဖွဲ့ တို့အကြား အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွား

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက် ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ဆီးရီးယား အစိုးရ တပ်ဖွဲ့ သည် မတ်လ ၁၉ ရက်နေ့ က မြို့တော် ဒမတ်စကက် အရှေ့ပိုင်းတွင် မြို့တွင်းသို့ ဝင်ရောက် ရန်ကြိုးပမ်း လာသည့် အစိုးရ ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့ နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွား ခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ မှ ရှုံးနိမ့်ကာ ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရှိရသည်။

ဆီးရီးယား သတင်းဌာန များ၏ ဖော်ပြချက်အရ ဆီးရီးယား မြို့တော် ဒမတ်စကက် အရှေ့ပိုင်း ဒေသ တွင် ကျင်လည် နေသော လက်နက်ကိုင် တပ်ဖွဲ့ သည် မြို့တော် အတွင်းသို့ဝင်ရောက် နိုင်ရန် စတင်ထိုးစစ် ဆင်လာခဲ့ကြောင်း ၊ လက်နက်ကိုင်တပ်ဖွဲ့ သည် တိုက်ပွဲ မစတင်မီ မြို့တော်တို့ဝင်ရောက် နိုင်သည့် ဂိတ်ပေါက်ဝ များရှိ အစိုးရ တပ်ဖွဲ့ ၏ စစ်စခန်းများကို ကားဗုံးများဖြင့် ဦးစွာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ ခဲ့ကြသည်။

တိုက်ပွဲသည် ယင်းနေ့ နံနက်ပိုင်း မှာစတင် ဖြစ်ပွား ခဲ့ပြီး ညပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ကာ မြို့တွင်၌ လက်နက်ကြီးများ ပစ်ခတ်သံများကို ကောင်းစွာ ကြားနိုင်ကြောင်း နှင့် အစိုးရ တပ်ဖွဲ့အနေဖြင့် တိုက်ပွဲ ဖြစ်ပွားရာ နေရာသို့ အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ကာ လမ်းကြောင်း အချို့ကို ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ လန်ဒန်မြို့ တွင် အခြေစိုက် သော ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း က အစိုးရ ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့ သည် ဒမတ်စကက်မြို့ ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း နှင့် အစိုးရ တပ်ဖွဲ့မှာလည်း လေကြောင်း တိုက်ခိုက်မှုများ ကိုဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ အစိုးရ တပ်ဖွဲ့ မှ မြို့တော်ကို ဝင်ရောက်နိုင်ရန် ကြိုးပမ်းသည့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီး လက်နက်ကိုင် အဖွဲ့ဝင် များစွာ ကို တိုက်ခိုက်ချေမှုန်း နိုင်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.