Connect with us

Africa & Middle East

ဒူဘိုင်းနိုင်ငံ၏ ကိုယ်တိုင်မောင်းလေရဟတ်တက္ကစီကို ပထမဆုံး စမ်းသပ်ပျံသန်း


ဒူဘိုင်း ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဒူဘိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(RTA) က ကမ္ဘာ့ပထမဆုံး ကိုယ်တိုင်မောင်းလေပေါ်တက္ကစီ ( AAT- ဒူဘိုင်းအလိုအလျှောက်လေရဟတ်တက္ကစီ) ကို စက်တင်ဘာလ ၂၅ ရက်တွင် Jumeirah ကမ်းခြေဥယျာဉ်၌ သရုပ်ပြမိတ်ဆက်မောင်းနှင်ပြသခဲ့ကြောင်း ဒူဘိုင်းနိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြခဲ့သည်။

လူနှစ်ဦးလိုက်ပါ စီးနင်းနိုင်သော AAT လေရဟတ်သည် ရဟတ်ယာဉ်မောင်း(သို့မဟုတ်) လူသားတို့၏ထိန်းချုပ်မောင်းနှင်ခြင်း ပြုလုပ်ရန် မလိုအပ်ဘဲ လိုရာခရီးသို့အလိုအလျှာက်ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ၎င်းလေရဟတ်ကို ဂျာမနီနိုင်ငံအခြေစိုက် အလိုအလျှောက်လေပေါ်တက္ကစီ ထုတ်လုပ်ရေး Volocopter ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ထားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဒူဘိုင်းနိုင်ငံ၌ စတင်အသုံးပြုနေသော ကိုယ်တိုင်မောင်း လေပေါ်တက္ကစီ အားတွေ့ရစဉ်(ဆင်ဟွာ)

ဒူဘိုင်းနိုင်ငံ၌ စတင်အသုံးပြုနေသော ကိုယ်တိုင်မောင်း လေပေါ်တက္ကစီ အားတွေ့ရစဉ်(ဆင်ဟွာ)

၎င်းသည် “ သန့်စင်တဲ့ စွမ်းအင်စနစ်ကို အသုံးပြုထားလို့ သဘာဝပတ်ဝန်းကျင်အတွက် အဆင်ပြေပါတယ်။ပြီးတော့ သူ့မှာ ဆူညံသံက သိပ်မရှိဘူး။ တစ်နာရီ ၅ဝ ကီလိုမီတာနှုန်းနဲ့ ခန့်မှန်းခြေ မိနစ် ၃ဝ အထိပျံသန်းနိုင်ပါတယ်။ တစ်နာရီကို ကီလိုမီတာ ၁ဝဝ အထိ အမြန်ဆုံးနှုန်းနဲ့ပျံသန်းနိုင်ပါတယ် ” ဟု RTA ၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.