Connect with us

Africa & Middle East

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၂၃ဦးအထိ ရှိလာ

ဖလော်ရီဒါပြည်နယ်တွင် ယခင်ကဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ရုပ်အလောင်း ၁၄လောင်းကို ထပ်မံရှာတွေ့ခဲ့ပြီးနောက် သေဆုံးသူ ဦးရေသည် ၂၃ဦးအထိ မြင့်တက်လာကြောင်း ဒေသခံတာဝန်ရှိသူများကပြောကြားခဲ့သည်။

Butte စီရင်စုရဲစခန်း ၏ ပြောကြားချက်အရ လူပျောက်တိုင်ကြားမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ ဖုန်းခေါ်ဆိုမှု ၅၀၈ခုကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

ယင်းဖုန်းခေါ်ဆိုမှု အများအပြားကို ဖြေရှင်းပြီးဖြစ်သော်လည်း ၁၁၀ခု ကျန်ရစ်နေဆဲဖြစ်ကြောင်း သိရသည်။ ရဲစခန်းက ဖုန်းခေါ်ဆိုမှုများကို ဖြေရှင်းရန် ကျန်နေသော်လည်း ယင်း လူ ၁၁၀ ဦးစလုံး ပျောက်ဆုံးနေသည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါတောမီးသည် သုံးရက်အတွင်း ပျက်စီးမှုအများဆုံးဖြင့် ပြည်နယ် သမိုင်းတွင် စံချိန်တင်ခဲ့ပြီး နေအိမ် အလုံးပေါင်း ၆,၇၀၀ နှင့် စီးပွားဆိုင်ရာ အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.