Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ မြို့တော် တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ၇ ဦးသေဆုံး ခဲ့ပြီး အများအပြား ဒဏ်ရာရရှိ

ဆိုမာလီယာ နိုင်ငံ မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နိုင့်ရိုဘီ ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က စက်တင်ဘာ ၂၈ ရက်နေ့၌ ဆိုမာလီယာ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး ရှိ ဈေးတစ်ခု တွင် ညပိုင်းအချိန်တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား ခဲ့သောကြောင့် လူပေါင်း ၇ ဦး သေဆုံး ခဲ့ကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြား ခဲ့သည်။

မိုဂါဒစ်ရှူး မြို့အစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ က မီဒီယာ များကို ပြောကြားခဲ့ရာတွင် ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားချိန်တွင် အနီးပတ်ဝန်းကျင်၌ ဘတ်စ်ကား တစ်စင်းရှိနေသဖြင့် ပေါက်ကွဲမှုကြောင့် ဘတ်စ်ကားပေါ်ရှိ ခရီးသည် ၇ ဦး သေဆုံး ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ယင်း ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ကို ကြေညာ ခဲ့ခြင်းမရှိပေ။ ဆိုမာလီယာ နိုင်ငံ တွင် ယခု လ ၂၀ ရက်နေ့၌လည်း မြို့တော် တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ ဆိုမာလီယာ နိုင်ငံ အမျိုးသား ထောက်လှမ်းရေး နှင့် လုံခြုံရေး အဖွဲ့အစည်း မှ အရာရှိ တစ်ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

စက်တင်ဘာ ၂၀ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု အား Al-Shabaab က ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့ပြီး Al-Shabaab အဖွဲ့အစည်း သည် တာလီဘန် အစွန်းရောက် အဖွဲ့အစည်း နှင့် အဆက်အသွယ်ရှိသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လတ်တလော နှစ်ပိုင်းတွင် ဆိုမာလီယာ နိုင်ငံ နှင့် အနီးပတ်ဝန်းကျင် နိုင်ငံ များတွင် အကြမ်းဖက်တိုက်ခိုက်မှု အများအပြား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.