Connect with us

Africa & Middle East

မြေထဲပင်လယ်အတွင်း လှေမှောက်မှုကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

မြေထဲပင်လယ်အတွင်း ဒုက္ခသည်များ တင်ဆောင်လာသော လှေတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အေသင်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တူရကီမှ ဂရိသို့ လာရောက်သည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများအား တင်ဆောင်လာသော လှေတစ်စီးသည် မြေထဲပင်လယ်အတွင်း နစ်မြုပ်ခဲ့ရာ လူ ၂၄ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း ဂရိ ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား Kastellorizo ကျွန်းကမ်းရိုးတန်းတွင် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊ လှေပေါ်တွင် ခရီးသည် မည်မျှ လိုက်ပါခဲ့သည်ကို တိကျစွာ မသိရကြောင်း ဂရိ အမျိုးသား သတင်းဋ္ဌာန AMNA ထံမှ သိရသည်။

အဆိုပါ သေဆုံးသည့် မိန်းကလေးငယ်မှာ ၎င်း၏ မိခင်နှင့် အခြားသူ သုံးဦးနှင့်အတူ လာခြင်း ဖြစ်ကာ မတော်တဆမှု ဖြစ်ပြီး ဥရောပ နယ်စပ်လုပ်ငန်း Frintex သင်္ဘောက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်း မိန်းကလေးငယ်မှာ ဒေသတွင်းဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျောက်ဆောင်ပေါများသော ကမ်းရိုးတန်းတွင် လှေများမှ လူပေါင်း ၂၀ ဦးအား ဂရိ ကမ်းခြေစောင့် သင်္ဘောများက တွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုဖြစ်ရပ်သည် တူရကီမှ ဒုက္ခသည်များ ပါဝင်သော လှေ တစ်စီး လပေါင်းများစွာအတွင်း ဂရိတွင် ပထမဆုံး မတော်တဆမှု တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် အစောပိုင်းမှ ၂၀၁၆ ခုနှစ် ဆောင်းရာသီအထိကလည်း တူရကီမှ ဂရိ ကမ်းခြေသို့ လှေများဖြင့် လာရောက်သည့် ဒုက္ခသည်နှင့် ရွှေ့ပြောင်းသူ တစ်သန်းကျော် လာရောက်ခဲ့သလို ပင်လယ်ပြင်တွင် လူပေါင်း ၁၀၀,၀၀၀ အား ဂရိအာဏာပိုင်များက ကယ်ဆယ်ခဲ့ကြောင်း၊ ယင်း ကာလအတွင်း ဂရိ ကမ်းရိုးတန်းတွင် ခရီသည် အလွန်အကျွံတင်ဆောင်လာခြင်း သို့မဟုတ် လှေနစ်မြုပ်ခြင်းကြောင်း ဒုက္ခသည် ရာပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.