Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်ရှိ ဓါတ်ငွေ့ပိုက်လိုင်းများ အား IS အစွန်းရောက်အုပ်စု ဖောက်ခွဲမှုများပြုလုပ်

IS အစွန်းရောက်အုပ်စု က ဗုံးခွဲခဲ့သည့် ဟာရန်ဓါတ်ငွေ့သိုက်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ် ရှိ ဟာရန်ဓါတ်ငွေ့သိုက် ၏ ဓါတ်ငွေ့ပိုက်လိုင်းများအား ဖေဖော်ဝါရီ ၆ ရက်တွင် IS အစွန်းရောက်အုပ်စု က ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကပြောကြားခဲ့သည်။

ဓါတ်ငွေ့သိုက်၏ မြောက်ဘက်၊ အရှေ့ဘက် နှင့် အနောက်ဘက် ရှိ ပိုက်လိုင်းများ ကို IS စစ်သွေးကြွများက ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ဟာရန်ဓါတ်ငွေ့သိုက် သည် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်း အတွက် အကြီးမားဆုံး သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစခန်းလည်းဖြစ်ကြောင်း သိရသည်။

ယင်းဓါတ်ငွေ့သိုက် ၏ နေ့စဉ်ဓါတ်ငွေ့ထုတ်လုပ်နိုင်မှုသည် ကုဗမီတာ သုံးသန်းရှိမည်ဟု ခန့်မှန်းရကြောင်း နှင့် ၎င်းအား တည်ဆောက်ရန် အစိုးရက ယူရို သန်း၂၈၀ ကျော်အသုံးပြုခဲ့ရကြောင်း သိရသည်။

IS စစ်သွေးကြွများသည် ဟုမ်းစ်ပြည်နယ် အရှေ့ဘက်ရှိ Palmyra ရှေးဟောင်းမြို့အား ဝင်ရောက် သိမ်းပိုက်ခဲ့သည့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင်လည်း ယင်းဓါတ်ငွေ့သိုက်အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွများပိုင် Amaq သတင်းဋ္ဌာနက ဟာရန်ဓါတ်ငွေ့သိုက်အား ဗုံးခွဲတိုက်ခိုက်ခဲ့ပုံများကို ဖော်ပြခဲ့ပြီး ဆီးရီးယားနိုင်ငံ ရေနံနှင့် ဓါတ်ငွေ့ဝန်ကြီးဋ္ဌာန က ယင်းဓါတ်ပုံများသည် အစစ်များဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း ဗုံးခွဲတိုက်ခိုက်မှုများကို အတည်ပြုပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.