Connect with us

Africa & Middle East

တူရကီ နိုင်ငံ ရဲတပ်ဖွဲ့က IS အကြမ်းဖက် အဖွဲ့ဝင် ဟု သံသယ ရှိသူ ၇၆၃ ဦး ကို ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့

တူရကီ နိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို မြင်တွေ့စဉ် (ဆင်ဟွာ)

အန်ကာရာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ လုံခြုံရေး ဌာနချုပ် ၏ ထုတ်ပြန်ချက်တွင် တူရကီ နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု တွင် IS အကြမ်းဖက် အဖွဲ့ဝင် ဟု သံသယ ရှိသူ ၇၆၃ ဦးအား ဖမ်းဆီး နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ဖေါ်ပြ ခဲ့သည်။

ထုတ်ပြန်ချက်တွင် တူရကီ နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တူရကီ နိုင်ငံရှိ ပြည်နယ်ပေါင်း ၂၉ ခုတွင် IS အကြမ်းဖက် အဖွဲ့အစည်း ရှင်းလင်းရေး လှုပ်ရှားမှု ဆောင်ရွက်ခဲ့ရာတွင် ယင်းအဖွဲ့အစည်း ကို ငွေကြေးနှင့် လူအင်အား ထောက်ပံ့သူများ ကိုဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ က IS အကြမ်းဖက် အဖွဲ့အစည်း နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ နှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖေါ်ပြ ခဲ့သည်။

ထို့ပြင် IS အကြမ်းဖက် အဖွဲ့အစည်း ၏ ယခု ရက်ပိုင်းအတွင်း ဆောင်ရွက်နေသည့် ဝါဒ ဖြန့်ချိရေး လှုပ်ရှားမှု နှင့် လူအင်အား စုစည်းမှု အခြေအနေများ ၊ တူရကီ နိုင်ငံ အတွင်း အကြမ်းဖက်မှု ပြုလုပ်ရန် ပစ်မှတ် ရှာဖွေနေမှု နှင့် အကြမ်းဖက်မှု ဆောင်ရွက်ရန် စီစဉ်နေမှု အခြေအနေများ စသည် တို့ကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြ ခဲ့သည်။

တူရကီ နိုင်ငံ စစ်တပ် ဌာနချုပ် ၏ ဖေဖော်ဝါရီ ၆ ရက် က ထုတ်ပြန်ချက်တွင်လည်း တူရကီ စစ်ဘက် သည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်း မှ ၆ ရက် နံနက်ပိုင်း အထိ ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အကြမ်းဖက် အဖွဲ့အစည်း ၏ အရေးပါသည့် အခြေစိုက် စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ၊ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Aleppo ပြည်နယ် အတွင်း စစ်ရေး လှုပ်ရှားမှု ဆောင်ရွက်ရာတွင် လက်နက်ကြီး နှင့် လေကြောင်း တိုက်ခိုက်မှု များဖြင့် IS အကြမ်းဖက် အဖွဲ့အစည်း အား တိုက်ခိုက်ခဲ့သောကြောင့် IS အကြမ်းဖက် အဖွဲ့ဝင် ၁၃ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း ဖေါ်ပြထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117