Connect with us

Africa & Middle East

ဆော်ဒီ အမျိုးသမီး တစ်သောင်းကျော် မိုဘိုင်းဖုန်း ပြင်ဆင်ခြင်း သင်တန်း တက်ရောက်ခွင့်ရ

မိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းသို့ တက်ရောက်နေသည့် ဆော်ဒီ အမျိုးသမီးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယတ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများအနေဖြင့် မိုဘိုင်းဖုန်း ပြင်ဆင်ခြင်း သင်တန်းအား ဆော်ဒီအာရေဗျနိုင်ငံရှိ အမျိုးသမီး ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း ဒေသခံ Al Riyadh သတင်းစာက ဖေဖော်ဝါရီလ ၆ ရက်တွင် ဖော်ပြထားသည်။ယင်း အခမဲ့သင်တန်းများအား နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့မှ ထောက်ပံ့ထားခြင်းဖြစ်ပြီး အမျိုးသမီး သင်တန်းသား ၁၀,၇၆၉ ဦးအား သင်ကြားပေးခဲ့သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် Fahad Al Otaibi က ယခု သင်တန်းက ဆက်သွယ်ရေး ကဏ္ဍတွင် ဒေသခံ အလုပ်အကိုင် တိုးပွားစေ၇န် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို သင်တန်းတွင် အရောင်း၊ သုံးစွဲသူ ဝန်ဆောင်မှုများနှင့် စမတ်ဖုန်းများ အဆင့်မြင့် ပြင်ဆင်ခြင်း စသည်တို့အား သင်ပေးမည် ဖြစ်သည်။

အခြေခံသင်တန်း ပြီးဆုံးသွားသည့် အမျိုးသမီးများ အနေဖြင့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် လုပ်ကိုင်နိုင်မည် ဖြစ်သလို ၎င်းတို့ ကိုယ်ပိုင် စီးပွားရေး စတင်လုပ်ကိုင်ရန်အတွက် လိုင်စင် ရရှိနိုင်မည် ဖြစ်သည်။

ဆော်ဒီအာရေဗျအနေဖြင့် နေအိမ်မှ လုပ်ငန်းခွင် ဝင်ရောက်ခွင့် ရရှိရန် အပါအဝင် အမျိုးသမီးများအတွက် အခွင့်အလမ်းသစ်များ လမ်းဖွင့်ပေးရန်အတွက် အဆင့်များစွာ လုပ်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီး အလုပ်သမားများအတွက် ကဏ္ဍသစ်များ ဖွင့်ပေးနိုင်ရန် အမျိုးသမီး သီးသန့် သတင်းအချက်အလက် နည်းပညာ လုပ်ငန်း ပုံစံ တည်ဆောက်ရေး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဝန်ကြီး နှစ်ဦး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.