Connect with us

Africa & Middle East

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဟောမုဇ်(Hormuz)ရေလက်ကြား ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်သွင်းမည်ဟု အီရန် သမ္မတ ဆို

အီရန်နိုင်ငံ သမ္မတ ရိုဟာနီအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင်  ဟောမုဇ်(Hormuz)ရေလက်ကြား ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ဒေသတွင်းဖြစ်ပွားသည့်ကိစ္စရပ်များတွင် အီရန်အပေါ် အပြစ်ဖို့နေခြင်းကို ဆန့်ကျင်ျကန့်ကွက်သွားမည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းရေး အဆိုပြုချက်ကို တင်သွင်းရခြင်း ရည်ရွယ်ချက်မှာ ဒေသတွင်းနိုင်ငံများ တစ်သားတည်းစည်းလုံးညီညွတ်မှုရှိကာ ပါရှန်ပင်လယ်ကွေ့၊ ဟောမုဇ်ရေလက်ကြားနှင့်အိုမန်ပင်လယ်ကွေ့၏ လုံခြုံရေးကို အတူအာမခံမှုရှိစေရန် ဖြစ်သည်ဟု ရိုဟာနီက စက်တင်ဘာ ၂၂ ရက် တီဟီရန်မြို့၌ ကျင်းပသည့် လူထုစုဝေးပွဲတွင် ပြောကြားခင်းဖြစ်ကြောင်း IRNA သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။ 

ဒေသတွင်း မည်သည့်ကိစ္စရပ်ကိုမဆို အီရန်ကိုသာအပြစ်တင်ဝေဖန်နေခြင်းသည် လိမ်လည်ပြောဆိုမှုကို အဖန်တလဲလဲပြုလုပ်နေခြင်းသာဖြစ်ကြောင်း ရိုဟာနီက ဆိုသည်။ 

ယခုကာလများတွင် ပင်လယ်ကွေ့ဒေသ  ရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုများဖြစ်ပွားခဲ့သလို ဆော်ဒီနိုင်ငံပိုင် ရေနံကုမ္ပဏီ၏ နေရာနှစ်ခု တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့သည်။ ယင်းကိစ္စရပ်များတွင် အီရန်၏ လုပ်ဆောင်ချက်မကင်းဟု အမေရိကန်နှင့် အချို့ဒေသ နိုင်ငံများက ပြစ်တင်ဝေဖန်ခဲ့သည်။ ထိုပြောဆိုချက်များကို အီရန်က ငြင်းဆိုထားပြီး ပစ်တင်ရှုံချခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117