Connect with us

Africa & Middle East

အာဖဂန် နစ္စတန် အရှေ့ပိုင်း ဒေသတွင် နှင်းတောင် ပြိုကျမှု ဖြစ်ပွားရာ လက်ရှိချိန်ထိ သေဆုံးသူ အနည်းဆုံး ၅၀ ရှိလာ

အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ် မြို့တွင် ဖေဖော်ဝါရီ ၅ ရက်က ဆီးနှင်းကျဆင်းထားမှု မြင်ကွင်း(ဆင်ဟွာ)

ကဘူးလ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်းရှိ Nuristanis ပြည်နယ်တွင် နှင်းတောင် ပြိုကျမှု ဖြစ်ပွား ခဲ့ပြီးထိ သေဆုံးသူ ၅၀ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၀ ဦးကျော် ရှိခဲ့ကြောင်း အာဖဂန် နစ္စတန် သတင်း မီဒီယာ များ၏ ဖေဖော်ဝါရီ ၅ ရက်နေ့က ဖော်ပြချက်များအရ သိရှိရသည်။

Nuristanis ပြည်နယ် အတွင်းရှိ ဒေသခံ တစ်ဦး က Nuristanis ပြည်နယ် Barg-e-Matal ဒေသ ရှိ ရွာတစ်ရွာအနီးတွင် နှင်းတောင် ပြိုကျမှု ဖြစ်ပွား ခဲ့သောကြောင့် လူ အများအပြား သေဆုံးဒဏ်ရာရရှိမှု ဖြစ်စေခဲ့ကြောင်း ၊ ထိုရွာသို့ သွားရောက်ရန်ဆက်သွယ်ထားသည့် လမ်းများသည်လည်း ပိတ်ဆို့ သွားကြောင်းနှင့် လက်ရှိချိန်တွင် ကယ်ဆယ်ရေး အဖွဲ့များက ဘေးဒုက္ခကျရောက်ခဲ့သည့် နေရာရှိ ဒုက္ခသည်များကို ကူညီရန် သွားရောက်နေကြပြီး ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ပြောကြားခဲ့သည်။

အာဖဂန် နစ္စတန် နိုင်ငံ တွင် ပြီးခဲ့သည့် ၃ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆက်မပြတ် ဆီးနှင်း ကျဆင်းမှု ဖြစ်ပွားခဲ့ပြီး အလွန်ဆိုးရွားသည့် ရာသီဥတု အခြေအနေကြောင့် လက်ရှိချိန်တွင် သေဆုံးသူမှာ အယောက် ၉၀ ကျော်ရှိခဲ့သည်။ အဆက်မပြတ် နှင်းကျဆင်းမှု နှင့် နှင်းတောင် ပြိုကျမှု တို့ကြောင့် အိမ်ခြေ ၂၀၀ ကျော်လည်း ဖျက်ဆီး ခံခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.