Connect with us

Africa & Middle East

ဆီးရီးယား ဆွေးနွေးပွဲ ပြုလုပ်မည့်ရက် မတ်လ ၉ ရက်သို့ ပြောင်းလဲ

ဆီးရီးယားနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတီဖန် ဒီ မစ္စတူရာအား မတ်လ ၃ ရက် သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၏ ပြိုင်ဘက် အုပ်စုများအကြား ညှိနှိုင်း ဆွေးနွေးပွဲများအား မတ်လ ၉ ရက် နေ့လည်ပိုင်းတွင် ပြန်လည် စတင်ရန် စီစဉ်ထားကြောင်း ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတီဖန် ဒီ မစ္စတူရာ၏ ရုံးက မတ်လ ၁ ရက်က ကြေညာခဲ့သည်။

“ ထောက်ပံ့ သယ်ပို့ရေးနှင့် လက်တွေ့ အကြောင်းအရာ ကိစ္စများအတွက် လုံလောက်သော အချိန်ပေးရမှာ ဖြစ် တဲ့အတွက် ဆွေးနွေးပွဲကို မတ်လ ၉ ရက်နေ့မှာ ပြန်စနိုင်ပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်- အာဆတ် အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား နိုင်ငံရေးအရ အဖြေရှာရန် ကုလသမဂ္ဂ ဦးဆောင်သည့် ဆွေးနွေးပွဲများအား အစောပိုင်းက မတ်လ ၇ ရက်က ပြုလုပ်ရန် မျှော်မှန်းထားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.