Connect with us

Africa & Middle East

ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ က အရပ်သား ပြည်သူလ ၃၀ ဦး အား ဖမ်းဆီး

ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက် အရ ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ သည် စက်တင်ဘာ ၁၁ ရက် တွင် နိုင်ငံ အရှေ့မြောက်ပိုင်း Hasakah မြို့ ရှိ ဈေးတစ်ခု အား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူ ၃၀ ဦး အား ဖမ်းဆီးသွားကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်အရ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ က စက်တင်ဘာ ၁၁ ရက် ၌ Hasakah မြို့ ရှိ နေအိမ်များကို လျှပ်တစ်ပြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူ ၃၀ ဦး ကို ဖမ်းဆီးသွား ခဲ့ကြောင်း ၊ ဖမ်းဆီးခံခဲ့ရသူများ တွင် အသက်အရွယ်ကြီးရင့်သူ များလည်းပါရှိပြီး ဒေသတွင်း ထိန့်လန့်မှု ဖြစ်ပွား စေခဲ့ကြောင်း ၊ အချို့ဒေသခံများ က လက်နက်ကိုင် အဖွဲ့ဝင် တို့၏ ထိုးကြိတ်မှု ကို ခံခဲ့ရကြောင်း သိရှိရသည်။

ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ သည် အမေရိကန် နိုင်ငံ ၏ ထောက်ခံအားပေးမှု ကို ရရှိထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း ဆီးရီးယား နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း တွင် IS အစွန်းရောက် အဖွဲ့အစည်း နှင့် အကြီးစား တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး နယ်မြေ အမြောက်အများ သိမ်းပိုက် နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ နှင့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ တို့ ၏ ထိန်းချုပ်မှု ဧရိယာ ကို ယေဘုယျ အားဖြင့် ယူဖရေးတီး မြစ် နှင့် ပိုင်းခြားထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.