Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ ဘုရားရှစ်ခိုးကျောင်းတစ်ခု သေနတ်ပစ်ခတ်ခံရသောကြောင့် လူ ၁၆ ဦး သေဆုံး

နိုင်ဂျီးရီးယားရှိ ဘုရားရှစ်ခိုးကျောင်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

အဘူဂျာ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ Benueပြည်နယ် Makurdiမြို့ရှိ ဘုရားရှစ်ခိုးကျောင်းတစ်ခုတွင် ဧပြီလ ၂၄ ရက်က သေနတ်ကိုင်မွေးမြူရေးသမားများ၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၆ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက် မနက်ပိုင်းက သေနတ်ကိုင်မွေးမြူရေးသမားများ ဘုရားရှစ်ခိုးကျောင်းသို့ အတင်းဝင် ရောက်ပြီး ဝတ်ပြုနေသူများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သင်းအုပ်ဆရာ ၂ ဦးအပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း၊ ကနဦးစုံစမ်းစစ်ဆေးချက်များအရ သေနတ်ကိုင်မွေးမြူရေးသမားများ မှာ တိုက်ခိုက်မှုမပြု မီ အခင်းဖြစ်နေရာ အနီးတဝိုက်တွင် အချိန်အတော်ကြာရပ်နားနေသည် ဟုသိရှိရ ကြောင်း၊ ထိုသို့တိုက်ခိုက်မှုများထပ်မံမဖြစ်ပွားစေရန် ၎င်းနေရာတဝိုက်အား လုံခြုံရေးများ တိုးမြှင့်ချပြီးဖြစ်ကြောင်း Benueပြည်နယ်ရဲချုပ် Owoseni Fatai က ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းကြောင်း နိုင်ဂျီးရီးယားသမ္မတ Buhari က ပြစ်တင် ပြောဆိုထားသည်။

Benueပြည်နယ်သည် နိုင်ဂျီးရီးယားနိုင်ငံ၏ အလယ်ပိုင်းဒေသတစ်ခုဖြစ်သည်။ ထိုဒေသတစ်လျှောက် တွင် မွေးမြူရေးဖြင့်အသက်မွေးဝမ်းကျောင်းပြုသည့် Fulani လူမျိုးများနှင့် ခရစ်ယာန်ဘာသာကိုးကွယ် သည့် လယ်သမားများအကြား ပဋိပက္ခများမကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.