Connect with us

Africa & Middle East

ဆော်ဒီက အကြမ်းဖက်မှုထောက်ပံ့သူများကို တားမြစ်ပိတ်ဆို့မှုများပြုလုပ်

ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံရှိ IS စစ်သွေးကြွများ နှင့် အာရေဗျကျွန်းဆွယ် ရှိ အယ်ကိုင်ဒါများကို ငွေကြေး နှင့် အခြားထောက်ပံ့မှုများပြုလုပ်ပေးနေသည့် ယီမင်နိုင်ငံ မှ လူပုဂ္ဂိုလ် ၁၁ဦး နှင့် အဖွဲ့အစည်း ၂ခုကို အောက်တိုဘာ ၁၅ ရက်တွင် ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံက စီရင်ပိုင်ခွင့်ရှိသည့် ယင်းပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုပစ္စည်းအားလုံးကို ပိတ်ပင်တားမြစ်ခဲ့ပြီး ဆော်ဒီနိုင်ငံသားများ နှင့် နေထိုင်သူများအား ၎င်းတို့နှင့် ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း တားမြစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်လုံခြုံရေးသမ္မတရုံး က ဆော်ဒီသည် မကြာသေးမီက နိုင်ငံတကာအကြမ်းဖက်သမားများ အားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးစင်တာ (TFTC) ကို ပူးတွဲဥက္ကဋ္ဌအဖြစ် တည်ထောင်ပြီးနောက် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းကာ ယင်းဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

ယင်းသို့ အရေးယူဆောင်ရွက်မှုသည် TFTC ကို စတင်တည်ထောင်ခဲ့သည့် ၂၀၁၇ခုနှစ် မေလမှစ၍ ပထမဆုံး ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး အကြမ်းဖက်အုပ်စုများအား ငွေကြေးထောက်ပံ့မှုကို တိုက်ဖျက်ရာ၌ အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများ အကြားဆက်ဆံရေးပိုမိုနက်ရှိုင်းလာစေရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.