Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ အရှေ့ပိုင်း တွင် အမည်မသိသူများက ဘဏ်တစ်ခုအား မီးရှို့ဖျက်ဆီးခဲ့

Al Jaziraဘဏ်၏ ဘဏ်ခွဲတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်း Qatif မြို့ရှိ Al Jaziraဘဏ်၏ ဘဏ်ခွဲတစ်ခုအား ဖေဖော်ဝါရီ ၂၅ရက် အစောပိုင်းက အမည်မသိဖျက်ဆီးသူများက မီးရှို့ခဲ့ကြောင်း Al Sharq ပြည်တွင်းအွန်လိုင်းသတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

အမည်မသိသူနှစ်ဦးသည် ဘဏ်အားမီးရှို့ပြီးနောက် အခင်းဖြစ်ပွားရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဘဏ်လုံခြုံရေးက သတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က တိုက်ခိုက်မှုသည် ဖေဖော်ဝါရီ ၂၅ရက် ဒေသစံတော်ချိန် နံနက် ၂း၁၅မိနစ် တွင်ဖြစ်ပွားခဲ့ကြောင်း နှင့် မီးရှို့မှုကြောင့် ATM စက်တစ်လုံး နှင့် ဘဏ်၏ အပြင်ဘက်အခြမ်းများ မီးလောင်ပျက်စီးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်ပွားရာ၌ ဓါတ်ဆီအကြွင်းအကျန်များကို သဲလွန်စအဖြစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

မီးတင်ရှို့မှု၊ ဆူပူအုံကြွမှု နှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုတို့သည် Qatif မြို့ နှင့် အရှေ့ပိုင်းပြည်နယ်ရှိ အခြားဧရိယာများတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး အဆိုပါဒေသအတွင်း လူနည်းစုဖြစ်သော ရှီယိုက်လူမှုအဖွဲ့အစည်းမှ လူငယ်အုပ်စုများက ရှေးရိုးစွဲဆွန်နီများအုပ်ချုပ်ရာ နိုင်ငံအတွင်း လွတ်လပ်မှု နှင့် အခွင့်အရေးများ ပိုမိုရရှိရန် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.