Connect with us

Africa & Middle East

ဆီးရီးယား တွင် အသေခံဗုံးခွဲသမား ၆ဦး၏တိုက်ခိုက်မှု ကြောင့် လူ ၄၂ဦး သေဆုံး

ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်တွင် သွားလာနေသော လုံခြုံရေးတပ်သားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်ပြည်နယ်ရှိ လုံခြုံရေးဋ္ဌာနချုပ် ၂ခုတွင် ဖေဖော်ဝါရီ ၂၅ ရက်က အသေခံဗုံးခွဲသမား ၆ဦး၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၄၂ဦးသေဆုံးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ နှင့် နိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ဟုမ်းစ်ပြည်နယ်အတွင်းရှိ al-Ghouta ဧရိယာနှင့် Mahata ဧရိယာ ရှိ လုံခြုံရေးဋ္ဌာနများ၏ ခြံဝန်းအတွင်း၌ အသေခံဗုံးခွဲသမား ၃ဦးစီ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကဖောြ်ပခဲ့သည်။

ဟုမ်းစ်ပြည်နယ်အုပ်ချုပ်ရေးမှူး Talal Barazi က သေဆုံးသူအများစုသည် ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ အသေခံဗုံးဖောက်ခွဲမှုကြောင့် ဟုမ်းစ်ပြည်နယ် စစ်ထောက်လှမ်းရေးဋ္ဌာနခွဲ ခေါင်းဆောင် ဗိုလ်မှူးကြီး Sharaf Hasan Daboul အပါအဝင် ဟုမ်းစ်ပြည်နယ် လုံခြုံရေးဋ္ဌာနခွဲ အကြီးအကဲ ဗိုလ်မှူးကြီး Darwish တို့သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

Barazi က ဗုံးဖောက်ခွဲမှုများကြောင့် သေဆုံးသူ လူ၃၀ဦးကျော်ရှိခဲ့ပြီး ၃၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ဆီးရီးယားဆိုင်ရာလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ က ပေါက်ကွဲမှုများကြောင့် ၄၂ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားစစ်တပ်က ဟုမ်းစ်အား ပြန်လည်ထိန်းချုပ်လာနိုင်ပြီးနောက် ယင်းဒေသတွင် ပထမဆုံးအကြိမ် လူအသေအပျောက်များပြားသည့် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးက ဒဏ်ရာရရှိသူများသည် ဟုမ်းစ်ပြည်နယ်ရှိဆေးရုံများ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဗုံးပေါက်ကွဲမှုများသည် ဆီးရီးယားစစ်တပ်က မြေပြင်တိုက်ပွဲများတွင် အောင်နိုင်မှုများရရှိခဲ့ခြင်းအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း နှင့် ဆီးရီးယား ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် ဆီးရီးယားပြည်တွင်းရေးဆွေးနွေးပွဲများအား ဂျနီဗာမြို့တွင် ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

၎င်းက “အကြမ်းသမားတွေ လုပ်ဆောင်ခဲ့တဲ့ အလားတူ ဖြစ်စဉ်တွေဟာ ဆီးရီးယားပြည်သူတွေအတွက်တော့ အသစ်အဆန်းမဟုတ်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံပိုင်ရုပ်သံလိုင်းက ဟုမ်းစ်တွင် လူများစွာသေဆုံးစေခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုများအား အယ်ကိုင်ဒါအဖွဲ့နှင့် ဆက်စပ်နေသည့် Nusra တပ်ဦးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် အသက်ဝင်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွင် IS စစ်သွေးကြွအုပ်စု နှင့်အတူ Nusra တပ်ဦးပါဝင်ခြင်းမရှိဘဲ အက်စတာနာမြို့တွင် ဆီးရီးယားအရေးဆွေးနွေးပွဲပြုလုပ်နေတွင်စဉ်အတွင်း၌လည်း Nusra တပ်ဦးသည် အခြားသူပုန်အဖွဲ့များမှ ခွဲထွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.