Connect with us

Africa & Middle East

ကင်ညာတွင် ကလေးများအတွက် အစားအသောက် ပစ္စည်းများ တရုတ် ရင်းနှီးမြှုပ်နှံသူများ လှူဒါန်း

ကင်ညာနိုင်ငံ နိုင်ရိုဘီ ကီဘာရာဒေသရှိ ကျောင်းသားလေးများကျောင်း မှ ပြန်လာသည်ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီ အစွန်အဖျားရှိ Huruma ကလေးများ ဂေဟာသို့ အစားအသောက်ပစ္စည်း များအား တရုတ်ရင်းနှီးမြှုပ်နှံသူများက ဒီဇင်ဘာလ ၂၀ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးလှူခြင်းသည် တရုတ်-ကင်ညာ ဆက်ဆံရေး တိုးတက်ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တရုတ် အာဖရိက စီးပွားရေး ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု အသင်း အထွေထွေအတွင်းရေးမှူး တိုင်စူဂျန်က ပြောသည်။

“ကလေးတွေရဲ့ ဘဝ မြှင့်တင်ပေးဖို့ နဲ့ ဆင်းရဲချို့တဲ့သော ကလေးတွေကို ထောက်ပံ့ပေးဖို့ ကင်ညာရှိ တရုတ် ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားပါတယ်” ဟု တိုင်က ပြောသည်။

တရုတ်လုပ်ငန်းရှင်များသည် လွန်ခဲ့သော ဆယ်နှစ်ကစ၍ Huruma ကလေးများ ဂေဟာသို့ လှူဒါန်းလျက်ရှိ ကြောင်း သိရသည်။

တိုင်က ၎င်းသည် ကင်ညာတွင် ပရဟိတ လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။

“ဆင်းရဲမှုတွေကို ကူညီသင့်ပါတယ်၊ ဒါမှ နိုင်ငံရဲ့ စီးပွားရေး အောင်မြင်မှုတွေရဲ့ အကျိုးကျေးဇူးကို သူတို့လဲ ခံစားနိုင်မှာပါ” ဟု သူက ပြောသည်။

Huruma ကလေးများ ဂေဟာ၏ ညွှန်ကြားရေးမှူး Zipporah Kamau က တရုတ်လုပ်ငန်းရှင်များသည် ဂေဟာအတွက် ငွေကြေး အကူအညီများလည်း ထောက်ပံ့လျက်ရှိကြောင်း ပြောခဲ့သည်။

“မိဘမဲ့ ကလေးငယ်များ အတွက် နေ့စဉ် အစားအသောက် လိုအပ်ချက်ဖြည့်ဆည်းမှု တွေမှာ တရုတ်နိုင်ငံက အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်” ဟု Kamau ကပြောသည်။

သက်တမ်း ၂၆ နှစ်ရှိပြီဖြစ်သော Huruma ကလေးများ ဂေဟာတွင် မိဘမဲ့ ကလေးငယ်ပေါင်း ၂၅၀ ကျော်နှင့် အနီးဝန်းကျင်းက အခြား ကလေးငယ်ပေါင်း ၁၅၀ အား စောင့်ရှောက်ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.