Connect with us

Africa & Middle East

တရုတ်နှစ်သစ်ကူးမှာ အနီရောင်လွှမ်းနေသော နာမည်ကျော် ကိုင်ရိုတာဝါ


ကိုင်ရို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၏ အထင်ကရ တစ်ခုဖြစ်သော ကိုင်ရိုတာဝါတွင် ဖေဖော်ဝါရီလ ၁၅ ရက်က တရုတ် နှစ်သစ်ကူး ကျင်းပရန် အနီရောင်များဖြင့် ခြုံလွှမ်းထားသည်ကို တွေ့ရသည်။

နွေဦးပွဲတော်အား တရုတ် ယဉ်ကျေးမှုစင်တာနှင့် အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာနတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး အီဂျစ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Song Aiguo နှင့် အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာန ဝန်ကြီး Rania al-Mashat တို့က ဖွင့်လှစ်ပေးခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုတာဝါတွင် ပြုလုပ်သည့် နွေဦးပွဲတော်အကြို အခမ်းအနား၌ ဖျော်ဖြေတင်ဆက်နေသည့် တရုတ် အနုပညာရှင်များအား တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Song Aiguo က ယခုလို နှစ်သစ်ကူးအကြိုနေ့တွင် ကိုင်ရိုတာဝါကို မီးအနီရောင်များဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်ကို မြင်တွေ့ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာန ဝန်ကြီး Rania al-Mashat ကလည်း ယခုလို အခမ်းအနားပြုလုပ်ခြင်းသည် အီဂျစ်-တရုတ် ဆက်ဆံရေး အလွန်ခိုင်မာပြီး နက်ရှိုင်းမှုရှိသည်ကို ပြသရာရောက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ၂၀၁၄ ခုနှစ်က နှစ်နိုင်ငံ ဆက်ဆံရေးအား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး အနုပညာများ၊ ယဉ်ကျေးမှုနှင့် ဂီတဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များက ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်ကာ ယဉ်ကျေးမှု ဖလှယ်ခြင်း ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.