Connect with us

Africa & Middle East

တူနီးရှား နိုင်ငံ တွင် တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ အား ထပ်မံ အချိန်ကာလ တိုးမြှင့်

တူနီးရှား နိုင်ငံ သမ္မတ Beji Caid Essebsi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူနီးရှား ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တူနီးရှား နိုင်ငံ သမ္မတ Beji Caid Essebsi က နိုဝင်ဘာ ၆ ရက် ၌ တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ အား ယခုလ ၇ ရက် မှ စတင်၍ တစ်လကြာ အချိန်ကာလ တိုးမြှင့်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

တူနီးရှား နိုင်ငံ သမ္မတရုံး ၏ ထုတ်ပြန်ကြေညာချက်တွင် တူနီးရှား နိုင်ငံ သမ္မတ ၊ ဝန်ကြီးချုပ် နှင့် လွှတ်တော် ဥက္ကဋ္ဌ တို့က အတူတကွ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အရေးပေါ် အခြေအနေ အား ထပ်မံ တိုးမြှင့် ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်ခဲ့သည်။

တူနီးရှား နိုင်ငံ သမ္မတ အနေဖြင့် အရေးပေါ် အခြေအနေ တိုးမြှင့်ကြောင်း ကြေညာချက် မထုတ်ပြန်မီ တူနီးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီး နှင့် ကာကွယ်ရေး ဝန်ကြီး တို့၏ နိုင်ငံ အတွင်း လုံခြုံရေး အခြေအနေ ၊ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်း နှင့် ဒုစရိုက် အဖွဲ့ တို့၏ ခြိမ်းခြောက်မှု အခြေအနေ နှင့် ပတ်သက်၍ အကြံပြုချက်များအား ကြားနာခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် အောက်တိုဘာ ၂၉ ရက် တွင် တူနီးရှား နိုင်ငံ မြို့တော် ၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် တူနီးရှား နိုင်ငံ မြို့တော် ၌ သမ္မတ ယာဉ်တန်းအား အသေခံ ဗုံးခွဲ တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွား ခဲ့ပြီး လုံခြုံရေး ဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့သည်။ ထို့နောက် တွင် တူနီးရှား နိုင်ငံ က တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ သို့ ရောက်ရှိကြောင်း ကြေညာ ခဲ့ပြီး အကြိမ်ကြိမ် အချိန်ကာလ ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.