Connect with us

Africa & Middle East

အီသီယိုးပီးယားတွင် လက်ပစ်ဗုံးပေါက်ကွဲ၍ လူ ၄ဦးသေဆုံး

-အီသီယိုးပီးယားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် လက်ပစ်ဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဒစ် အဘာဘာ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း Amhara ပြည်နယ် တွင် လက်ပစ်ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၄ဦး သေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ Amhara Massa Media Agency (AMMA) က နိုဝင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုသည် Amhara ပြည်နယ် North Gonder ဇုန် တွင် နိုဝင်ဘာ ၃ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အုပ်စုတစ်ခု မှ လက်ပစ်ဗုံးတစ်လုံးအား တရားမဝင်ဝယ်ယူလာကာ ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၄ဦးသေဆုံးခဲ့ကြောင်း AMMA ကဖော်ပြခဲ့သည်။

AMMA က လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား လက်ရှိတွင် ပြည်တွင်းဆေးရုံတစ်ခု၌ ဆေးကုသမှုပေးထားကြောင်း ဖော်ပြခဲ့သည်။

အီသီယိုးပီးယားနိုင်ငံသည် နိုင်ငံတစ်ဝန်း လက်နက်လိုင်စင် နှင့် လက်နက်ကိုင်ဆောင်မှုများကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး နိုင်ငံတွင်း ပုဂ္ဂလိက လက်နက်ကိုင်ဆောင်မှုသည် အလွန်ရှားပါးကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံတွင် လက်နက်မှောင်ခိုရောင်းဝယ်မှုများ မြင့်တက်လာသော်လည်း သေနတ်များ နှင့် လက်ပစ်ဗုံးများအပါအဝင် ခေတ်မီလက်နက်များကြောင့် လူသေဆုံးမှုဖြစ်ရပ်များသည် အလွန်ရှားပါးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.