Connect with us

Africa & Middle East

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဆီးရီးယား နိုင်ငံ အတွင်း ရုရှား တပ်ဖွဲ့ဝင်များ သေဆုံးမှု ဖြစ်ပွားသည့် သတင်းအား ငြင်းဆို

ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း ၏ တပ်စခန်းအား လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်စဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က လတ်တလောရက်ပိုင်း တွင် ဆီးရီးယား နိုင်ငံ အတွင်း ၊ အထူးသဖြင့် တောင်ပိုင်း Daraa ပြည်နယ် တွင် ရုရှား နိုင်ငံ အစိုးရ တပ်ဖွဲ့ သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွား ခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက် တွင် ဆီးရီးယား နိုင်ငံ အတွင်းရှိ ရုရှား တပ်ဖွဲ့ဝင်များ အားလုံး မှာ ကောင်းမွန်ကျန်းမာစွာ တည်ရှိနေပြီး အစီအစဉ် အတိုင်း တာဝန်များ ထမ်းဆောင်နေကြောင်း ပါဝင် ခဲ့သည်။

လတ်တလော ရက်ပိုင်း အတွင်း အချို့ သတင်းမီဒီယာ များက ဆီးရီးယား နိုင်ငံ တောင်ပိုင်း တွင် ဖြစ်ပွား ခဲ့သည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရုရှား နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ တပ်ဖွဲ့ဝင် စုစုပေါင်း ၃၅ ဦး သေဆုံး ခဲ့ကြောင်း ရေးသားဖော်ပြမှုများရှိခဲ့သည်။

ယင်းရေးသားဖော်ပြမှုများ နှင့် ပတ်သက်၍ ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာ ချက်တွင် ယင်း သတင်း အမှားများမှာ IS အစွန်းရောက် အဖွဲ့အစည်း ၏ ရည်ရွယ်ချက် ရှိရှိ သတင်း ဖြန့်ဝေမှုများ ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

လတ်တလောရက်ပိုင်း အတွင်း ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က Daraa ပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း များအား အကြီးစား စစ်ရေး တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ပြီး နယ်မြေများ ကို အဆက်မပြတ် ပြန်လည် သိမ်းပိုက်ခဲ့သည်။ တစ်ချိန်တည်းတွင် ဆီးရီးယား နိုင်ငံ အစိုးရ က ရုရှား နိုင်ငံ မှ တစ်ဆင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ နှင့် ဆွေးနွေးမှုများဆောင်ရွက် နေပြီး Daraa ပြည်နယ် အတွင်းရှိ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ များက အစိုးရ နှင့် အပစ်အခတ် ရပ်စဲ ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.