Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ ၏ ငြိမ်းချမ်းရေးတည်ငြိမ်စေရန် ကူဝိတ်နိုင်ငံ ကူညီမည်

လစ်ဗျားနိုင်ငံ ၏ သမ္မတကောင်စီ ဒုတိယဥက္ကဋ္ဌ နှင့် ဒုတိယဝန်ကြီးချုပ် Ahmed Maiteeq အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ကူဝိတ်၊ မေ ၁ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတွင် ကူဝိတ်နိုင်ငံမှ ကူညီမည်ဖြစ်ကြောင်း၊ ကူဝိတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sabah Khaled Al-Hamad Al-Sabah က ဧပြီလ ၃၀ရက်တွင်ပြောခဲ့သည်။

လစ်ဗျားနိုင်ငံကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံသည့် အစည်းအဝေး တွင် ကူဝိတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။ လစ်ဗျားနိုင်ငံ တွင် ချမ်းသာကြွယ်ဝမှုများ ပြည့်ဝစေရန် နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ရန်အတွက် အကြမ်းဖက်မှုများကို ပယ်ဖျက်ရန် ကူဝိတ်နိုင်ငံ၏ ဝန်ကြီးက လစ်ဗျားနိုင်ငံ ၏ အဖွဲ့အစည်းအားလုံးကို တောင်းဆိုပြောကြားခဲ့သည်။

အစည်းအဝေးကာလအတွင်း လစ်ဗျားနိုင်ငံ ၏ သမ္မတကောင်စီ ဒုတိယဥက္ကဋ္ဌ နှင့် ဒုတိယဝန်ကြီးချုပ် Ahmed Maiteeq က ကူဝိတ်နိုင်ငံ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး၊ လစ်ဗျားပြည်သူတို့၏ စည်းလုံးညီညွတ်မှု နှင့် အေးချမ်းမှုကို တောင်းဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.