Connect with us

Africa & Middle East

အီသီယိုးပီးယား ဒုက္ခသည် အယောက် ၈၅၀၀ ကျော် ကင်ညာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်

အီသီယိုးပီးနယ်စပ်ရှိ ဒုက္ခသည်များကို တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ ၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)

ယခုလ ၁၀ ရက်ကျော် ကာလအတွင်း ကင်ညာသို့ ထွက်ပြေးတိမ်းရှောင်လာသော အီသီယိုးပီးယား ဒုက္ခသည် ၈၅၉၂ ယောက်ရှိပြီရာ နောက်ထပ် အဆက်မပြတ်ထပ်တိုးလာနိုင်ဖွယ်ရှိသည်ဟု ကင်ညာကြက်ခြေနီအသင်း၏ မတ်လ ၁၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ထွက်ပြေးတိမ်းရှောင်လာသော အီသီယိုးပီးယားဒုက္ခသည်များကို လူသားချင်းစာနာသောအားဖြင့် အစာရေစာ နှင့်ဆေးဝါးကုသမှုများပေးနေပြီး ကင်ညာနိုင်ငံမြောက်ပိုင်း နှစ်နိုင်ငံနယ်စပ်ရှိ Marsabit၊ Moyaleနှင့် Sololo ဒေသတွင် နေရာချထားပြီဖြစ်ကြောင်း ၊ ဒုက္ခသည်အရေအတွက်အဆက်မပြတ်တိုးလာနေကြောင်းနှင့် နာမည် စာရင်းကောက်ခံမှုများ ပြုလုပ်နေဆဲဖြစ်ရာ ထွက်ပြေးတိမ်းရှောင်လာသူ အချို့မှာ ဒုက္ခသည် ဟုတ်မဟုတ်ကိုမူ စီစစ်ဖို့လိုအပ်သေးကြောင်း ကြေညာချက်အရ သိရပါသည်။

သတင်းမှားယွင်းမှုကြောင့် အီသီယိုးပီးယားစစ်သားများက မတ်လ ၁၀ ရက်နေ့၌ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ဒေသခံအီသီယိုးပီးယားသာမန်အရပ်သားများကို အစိုးရဆန့်ကျင်လက်နက် ကိုင်အဖွဲ့ OLF ဟု ထင်မှတ်တိုက်ခိုက်ခဲ့သောကြောင့် လူ ၉ ဦး သေဆုံးကာ ၊ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အီသီယိုးပီးယား အရေးပေါ်အခြေအနေ ညွှန်ကြားရေးဌာန၏ကြေညာချက်ကို ကိုးကား၍ ကင်ညာ မီဒီယာများ က ဆိုသည်။ ယခုတစ်ကြိမ် သတင်းမှားလှုပ်ရှားမှုကြောင့် မတ်လ ၁၀ ရက် ညပိုင်းက အီသီယိုးပီးယား ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ကင်ညာသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ကင်ညာ နယ်စပ်တစ်လျှောက် ဒေသများတွင် လုံခြုံရေးရဲအင်အား တိုးမြှင့်ထားပြီ ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.