Connect with us

Africa & Middle East

ယူအေအီးတွင် ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ခန့်အပ်

ယူအေအီး နိုင်ငံမှ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံသူ အာမယ် အဗ္ဗဒူလာ ဂျူးမား ကာရန် အယ်-ကျူဘိုင်စီ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဘူဒါဘီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) က အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ တစ်ဦး ကို နိုဝင်ဘာလ ၁၈ ရက်က ရွေးချယ် တင်မြှောက်ခဲ့ရာ နိုင်ငံ၏ သမိုင်းတွင် သာမက ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများ တွင်လည်း ပထမဆုံး တရားဝင် ထိပ်တန်း အမျိုးသမီး အရာရှိ ဖြစ်လာကြောင်း သိရသည်။

ယူအေအီး ဖက်ဒရယ် အမျိုးသား ကောင်စီ (FNC) ၏ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ အဖြစ် အာမယ် အဗ္ဗဒူလာ ဂျူးမား ကာရန် အယ်-ကျူဘိုင်စီ ကို ရွေးကောက် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

အယ်-ကျူဘိုင်စီသည် ၂၀၀၆ ခုနှစ်တွင် ယူအေအီး လွှတ်တော် အတွင်း ပထမဆုံး ရွေးကောက်ခံရသည့် အမျိုးသမီး ဖြစ်ခဲ့ကြောင်း ယူအေအီး နိုင်ငံပိုင် သတင်းဋ္ဌာန WAM မှ ပြောကြားခဲ့သည်။

၎င်းကို ၂၀၁၁ ခုနှစ်တွင် FNC၏ ပထမ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးကောက်ခြင်း ခံရကြောင်းသိရသည်။

အယ်-ကျူဘိုင်စီ ယူအေအီး တက္ကသိုလ် မှ ဗိသုကာ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး မာစတာ နှင့် ပါမောက္ခ ဘွဲ့အား ဗြိတိန် နိုင်ငံရှိ ရှက်ဖီး တက္ကသိုလ် မှ ရရှိခဲ့ကြောင်း သိရသည်။

အယ်-ကျူဘိုင်စီ သည် GCC တွင် ပထမဆုံး အမျိုးသမီး ထိပ်တန်း အရာရှိ ဖြစ်လာပြီး GCC သည် စီးပွားရေးနှင့် နိုင်ငံရေး သမဂ္ဂ တစ်ခုဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ယူအေအီး၊ ဆော်ဒီ အာရေဗျ၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ နှင့် အိုမန် နိုင်ငံတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားကြောင်း သိရသည်။ (Xinhua)