Connect with us

Africa & Middle East

ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ IS အကြမ်းဖက် တပ်ဖွဲ့ဝင် များစွာ ကို ချေမှုန်းနိုင်ခဲ့

ဆီးရီးယား နိုင်ငံ Aleppo မြို့တောင်ပိုင်း ရှိ အစိုးရ ထောက်ခံသော တပ်ဖွဲ့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမာဒက် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် ဇန်နဝါရီ လ ၁ ရက်နေ့တွင် Homs ပြည်နယ် အလယ်ပိုင်း နှင့် Deir ez-Zor ပြည်နယ် အလယ်ပိုင်း တို့တွင် စစ်ဆင်ရေး ဆောင်ရွက်စဉ် အတွင်း IS အကြမ်းဖက် တပ်ဖွဲ့ဝင် များစွာ ကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား သတင်းမီဒီယာ ဖော်ပြချက်အရ ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် Homs ပြည်နယ် အရှေ့ပိုင်း ဒေသ ရှိ IS တပ်ဖွဲ့၏ စခန်းများ နှင့် ထောက်ပံ့ရေး လမ်းကြောင်း များကို တိုက်ခိုက်ခဲ့ရာ IS တပ်ဖွဲ့ဝင် ဆယ်ယောက် ကျော် ကို ချေမှုန်း နိုင်ခဲ့ပြီး လက်နက်များကို သိမ်းဆည်းဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ ထို့ပြင် Deir ez-Zor ပြည်နယ် ရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်း တစ်ခုတွင် အစောင့်တပ်ဖွဲ့များ နှင့် IS အကြမ်းဖက် တပ်ဖွဲ့ တို့တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ တပ်ဖွဲ့မှ IS အကြမ်းဖက် တပ်ဖွဲ့ဝင် များစွာ ကို ချေမှုန်းနိုင်ခဲ့ ကြောင်း သိရှိ ခဲ့ရသည်။

ရုရှား နှင့် တူရကီ တို့မှ အဓိက ဆောင်ရွက် ခဲ့သည့် ဆီးရီးယား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် သုည နာရီ တွင် စတင်အကျုံးဝင် ခဲ့ပြီး ဆီးရီးယား နိုင်ငံ အတွင်း တိုက်ပွဲ ထိတွေ့မှု အနည်းငယ် ရှိသော်လည်း အလုံးစုံ အားဖြင့်ဆိုရလျှင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုအား အကောင်အထည် ဖော်နိုင်ခဲ့သည်။ ဆီးရီးယား အစိုးရ တပ်ဖွဲ့ က IS အကြမ်းဖက် တပ်ဖွဲ့ နှင့် Al-Nusra Front တပ်ဖွဲ့ နှင့် ၎င်းတို့ လက်အောက်ရှိ တပ်ဖွဲ့ များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တွင် အကျုံးမဝင်ကြောင်း ပြောကြား ခဲ့သည်။

အီရန် နိုင်ငံ သို့ရောက်ရှိနေသော ဆီးရီးယား ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး Walid Muallem က ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆောင်ရွက်ခြင်းသည် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပထမ ခြေလှမ်း ဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ အတွင်း အစိုးရ အတိုက်အခံ တပ်ဖွဲ့ အနေဖြင့် IS အကြမ်းဖက် တပ်ဖွဲ့ နှင့် Al-Nusra Front တပ်ဖွဲ့ တို့နှင့် ကင်းရှင်းစွာ ရပ်တည်ရမည် ဖြစ်ကြောင်း ကိုအထူး ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.