Connect with us

Africa & Middle East

အမေရိကန် လေတပ် က ဆိုမာလီ တွင် အစွန်းရောက် အဖွဲ့ဝင် ၉ ဦး အား ပစ်ခတ်ရှင်းလင်း

အမေရိကန် စစ်လေယာဉ်တစ်စီးအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

မိုဂါဒစ်ရှူး ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

အမေရိကန်စစ်တပ်က ဆိုမာလီယာတောင်ပိုင်းရှိ အယ်လ်ရှာဘတ် (Al-Shabaab) အစွန်းရောက် အဖွဲ့အား ပစ်မှတ်ထား ၍ အောက်တိုဘာလ ၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အစွန်းရောက်အဖွဲ့ဝင် ၉ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖရိက စစ်ဌာနချုပ်က အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုပြုလုပ်သည့်လေကြောင်းတိုက်ခိုက်မှုမှာ ဆိုမာလီယာအစိုးရ၏ညှိနှိုင်းမှုဖြင့် ဆိုမာလီယာ တောင်ပိုင်း Kismayo မြို့မြောက်ဘက် ၄၀ ကီလိုမီတာရှိ ဒေသကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဆိုမာလီအခြေစိုက် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့(AMISOM) ၊ ဆိုမာလီယာလုံခြုံရေးတပ်ဖွဲ့များနှင့် ဆက်လက်ပူးပေါင်းကာ အကြမ်းဖက်သမားများနှင့် ၎င်းတို့ခိုနားရာ စခန်း၊ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ၎င်း ကြေညာချက်တွင် ဖော်ပြထား သည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့်အခြားအိမ်နီးချင်းနိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.