Connect with us

Africa & Middle East

အာဖဂန်တွင် တာလီဘန်ထံ လက်နက် ပို့ပေးနေသော အမျိုးသား တစ်ဦး ဖမ်းဆီးခံရ

အာဖဂန်နစ္စတန်နိုင်ငံ ဖမ်းဆီးမိခဲ့သော လက်နက်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

QALA-E-NAW ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း Badghis ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွများထံ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ပို့ပေးခဲ့သော အမျိုးသား တစ်ဦးအား အာဖဂန် လုံခြုံရေးညွှန်ကြားမှုဦးစီးဋ္ဌာန (NDS) သို့မဟုတ် ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တာလီဘန်များထံ လက်နက် ပို့ပေးကြောင်း သံသယရှိခံရသူ အမျိုးသားအား ကဘူးလ်မြို့ အနောက်မြောက်ဘက် ၅၅၅ ကီလိုမီတာ အကွာရှိ Badghis ပြည်နယ် မြို့တော် Qala-e Naw တွင် မကြာသေးမီက ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် Badghis ပြည်နယ် အုပ်ချုပ်ရေးမှူး Faiz Mohammad Mirza Zada ကလည်း ယင်း အမျိုးသား ဖမ်းဆီးခံရမှုအား အတည်ပြုခဲ့ပြီး လက်နက်များနှင့် ခဲယမ်းမီးကျောက်များအား ယင်း အမျိုးသား၏ လက်ဝယ်တွင် တွေ့ရှိခဲခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့် စပ်လျင်း၍ တာလီဘန်အဖွဲ့က မည်သည့် မှတ်ချက်မျှ ပြောကြားထားခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.