Connect with us

Africa & Middle East

အလက်ပိုမြို့ အရှေ့ပိုင်း သူပုန်တို့လက်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း ဆီးရီးယား စစ်တပ် ကြေညာ

အလက်ပိုမြို့ အရှေ့ပိုင်းမှ သူပုန်များ ဘတ်စ်ကားများဖြင့် ထွက်ခွာနေစဉ် (ဆင်ဟွာ)

အလက်ပို၊ ဒီဇင်ဘာ ၂၃ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ရှိ အလက်ပိုမြို့မှ နောက်ဆုံးသူပုန်အုပ်စုများ ထွက်ခွာသွားရာ အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ အလက်ပိုမြို့ အပြည့်အဝရောက်ရှိလာပြီးနောက် အလက်ပိုမြို့ အရှေ့ပိုင်းသည် သူပုန်များလက်မှ လွတ်မြောက်သွားပြီး ဖြစ်ကြောင်း ဆီးရီးယား စစ်တပ်က ဒီဇင်ဘာ ၂၂ရက်တွင် ကြေညာခဲ့သည်။

အလက်ပိုမြို့အရှေ့ပိုင်းမှ နောက်ဆုံးလက်ကျန် သူပုန်များ ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းတွင် ထွက်ခွာသွားပြီးနောက် အလက်ပိုမြို့တစ်မြို့လုံး၏ လုံခြုံရေး နှင့် တည်ငြိမ်မှု ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်နေကြောင်း ဆီးရီးယား စစ်တပ်က ကြေညာခဲ့သည်။

ယခု အောင်မြင်မှုသည် ဆီးရီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေများအတွင်း အကြမ်းဖက်မှုများအား တိုက်ဖျက်ရန် မျက်နှာစာသစ်တစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ အလက်ပိုမြို့အတွင်း အောင်မြင်မှုရရှိခြင်းသည် ဆီးရီးယားစစ်တပ်အား နိုင်ငံတစ်ဝန်းရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးတိုက်ပွဲများတွင် စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲစေနိုင်မည်ဖြစ်ကြောင်း ပါရှိသည်။

တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက် အလက်ပိုမြို့အရှေ့ပိုင်းတွင် သူပုန်များတည်ရှိနေမှု ရပ်တန့်ရေး ရုရှား-တူရကီ သဘောတူချက်အရ ဆီးရီးယားသူပုန်များ နှင့် ၎င်းတို့၏ မိသားစုများအား ကယ်ထုတ်ပေးခြင်းကို ဒီဇင်ဘာ ၁၅ရက်နေ့က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလက်ပိုမြို့သည် ဆီးရီးယားသူပုန်များ၏ လက်အောက်သို့ ၂၀၁၂ခုနှစ် ကတည်းက ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.