Connect with us

Africa & Middle East

ပါကစ္စတန်တွင် သတင်းသမားတစ်ဦး ပစ်သတ်ခံရကြောင်း ရဲတပ်ဖွဲ့ပြောကြား

ပါကစ္စတန်ရဲတပ်ဖွဲ့ဝင် တချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ဇွန်လ ၁၁ ရက်က သတင်းသမားတစ်ဦး အား အမည်မသိ သေနတ်သမားတစ်စု က ပစ်သတ်သွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ နှင့် သတင်းသမား၏ မီဒီယာ အသိုင်းအဝိုင်းကပြောကြားခဲ့သည်။

ပစ်သတ်ခံရသည့် သတင်းသမားသည် “The K2 Times” သတင်းစာဋ္ဌာန အကြီးအကဲ Bakhshish Ahmad ဆိုသူဖြစ်ပြီး Khyber Pakhtunkhwa ပြည်နယ် ရှိ ၎င်း၏ ဇာတိ Haripur ခရိုင် တွင် အသတ်ခံရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆိုပါ သတင်းစာဋ္ဌာန အား ပိုင်ဆိုင်သည့် အစ္စလာမ်မာဘတ်မြို့အခြေစိုက် ပတ်စ်တိုဘာသာစကားပြော Khyber ရုပ်သံလိုင်းကလည်း ယင်းဖြစ်ရပ်ကို အတည်ပြုခဲ့ကြောင်း သိရသည်။ရုပ်သံလိုင်းက သတင်းသမားသည် မြို့တော် အစ္စလာမ်မာဘတ်မြို့ အနောက်မြောက်ဘက် ၁၀၀ကီလိုမီတာ အကွာ Haripur ခရိုင် ရှိ ၎င်း၏ ရုံးသို့ သွားရောက်နေစဉ် မော်တော်ဆိုင်ကိုယ်ပေါ်မှ သေနတ်သမားများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေနတ်သမားများသည် အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားပြီး ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ရဲတပ်ဖွဲ့က ပစ်ခတ်မှုနောက်ကွယ်မှ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သည့် ၁၅နှစ်အတွင်း အနည်းဆုံး သတင်းသမား ၁၁၇ဦး အသတ်ခံခဲ့ရပြီး ၎င်းတို့အနက် သုံးမှုကိုသာ တရားခွင်သို့ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)