Connect with us

Africa & Middle East

လစ်ဗျားအာဏာရှင်(ဟောင်း) ကဒါဖီ၏သား Saif Gaddafi ကို အကျည်းထောင်မှ လွှတ်ပေး

လစ်ဗျားနိုင်ငံ အာဏာရှင်ဟောင်း ကဒါဖီ ၏ သား Saif Al-Islam Gaddafi အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ထရိုင်ပိုလီ ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံခေါင်းဆောင်(ဟောင်း) ကဒါဖီ၏ သားဖြစ်သူ Saif-Al-Islam Gaddafi ကို နိုင်ငံမြောက်ပိုင်း ဇင်တန်မြို့ရှိ အကျည်းထောင်တစ်ခုမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အရှေ့ပိုင်းဒေသအာဏာပိုင်များအပေါ် သစ္စာခံသည့် လက်နက်ကိုင်အဖွဲ့က Saif Gaddafi အား ဇွန်လ ၉ ရက် တွင် လွှတ်ပေးလိုက်ကြောင်း ၊ ၎င်းသည် ဇင်တန်မြို့မှ ထွက်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Saif သည်လက်ရှိတွင် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရပေ။

Saif အား ၂ဝ၁၁ ခုနှစ်ကတည်းက ထရိုင်ပိုလီမြို့တော် အနောက်တောင်ပိုင်းရှိ ဇင်တန်မြို့တွင် ပြည်သူ့စစ်တစ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ ၎င်းသည် ဖခင်ဖြစ်သူ လစ်ဗျားနိုင်ငံအား အုပ်စိုးစဉ်အခါက လူသတ်မှုများနှင့် ပဋိပက္ခဖန်တီးမှုများဖြင့် ၂ဝ၁၁ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဖခင်ဖြစ်သူ ကဒါဖီမှာ ၂ဝ၁၁ ခုနှစ်တွင် သူပုန်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သုတ်သင်သတ်ဖြတ်ခံခဲ့ရသည်။ထရိုင်ပိုလီမြို့ရှိ တရားရုံးတစ်ခုက Saif Gaddafi အား ၎င်း၏ဖခင်အုပ်ချုပ်စဉ်အခါက ကျူးလွန်ခဲ့သောပြစ်မှုများကြောင့် အခြားလစ်ဗျားအရာရှိများနှင့်အတူ ၂ဝ၁၅ခုနှစ်တွင် သေဒဏ်ချမှတ်ခဲ့သည်။သို့သော်လည်း အဆိုပါပြစ်ဒဏ်အား အရှေ့ပိုင်းဒေသအခြေစိုက် လွှတ်တော်က ကာလတိုအတွင်းမှာပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ နိုင်ငံတကာတရားရုံး(ICC) ကလည်း Saif အား လူသားအပေါ်ကျူးလွန်သည့် ပြစ်မှုဖြင့် အလိုရှိနေသော်လည်း ပြည်သူ့စစ်တပ်ဖွဲ့က ၎င်းအား ICC သို့လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။(Xinhua)