Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း တွင် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ရာ ၈ ဦး သေဆုံး ၁၃ ဦး ဒဏ်ရာရရှိ

၂၀၁၇ ခုနှစ် တွင် အာဖဂန်နစ္စတန် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ် တွင် ပြင်းထန်သည့် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၈ ဦး သေဆုံး ခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ယာဉ်တိုက်မှု သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် Herat ပြည်နယ် အနောက်ပိုင်း ဒေသ တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ကနဦး စစ်ဆေးချက်များအရ ယာဉ်တိုက်မှုသည် လူအပြည့် တင်ဆောင်လာသော ခရီးသည်တင်ကား တစ်စင်း က မောင်းနှင်နေစဉ် အတွင်း ယာဉ်လမ်းကြောင်း မှ ခွဲထွက်လာခဲ့ပြီး ဘေးတွင် မောင်းနှင်လာသော ကားအား ဝင်တိုက်ခဲ့ရာမှ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အခင်းဖြစ်ပွား ခဲ့သည့် ခရီးသည်တင်ကား မှာ ဝန်ပိုတင်ဆောင်လာသည် ကို တွေ့ရှိခဲ့ရပြီး သေဆုံးခဲ့သူများအတွင်း အမျိုးသမီး ၄ ဦး နှင့် ကလေးငယ် ၂ ဦး ပါဝင် ခဲ့ကြောင်း ၊ အခင်းဖြစ်ပွား ပြီးနောက် ဒဏ်ရာရရှိသူများကို ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန် နိုင်ငံ တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ ကလည်း ပြင်းထန်သည့် ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့သေးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.