Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ သမ္မတ နှင့် ရုရှား နိုင်ငံ ဆီးရီးယား အရေး အထူး သံတမန် တို့က အကြမ်းဖက် နှိမ်နင်းရေး နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

ဆီးရီးယား နိုင်ငံ သမ္မတ Bashar al-Assad အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ သမ္မတ Bashar al-Assad နှင့် ရုရှား နိုင်ငံ ဆီးရီးယား အရေး အထူး သံတမန် Aleksandr Lavrentyev တို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၌ ဒမတ်စကက်စ် မြို့တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အကြမ်းဖက် နှိမ်နင်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ နှစ်နိုင်ငံ အနေဖြင့် အကြမ်းဖက် နှိမ်နင်းရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု များ ဆက်လက်၍ တိုးချဲ့ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပြီး ဆီးရီးယား အရေးအား နိုင်ငံရေး နည်းလမ်းဖြင့် အတူတကွ ပူးပေါင်းဖြေရှင်းသွားရန် ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ ဆိုင်ရာ ရုရှား နိုင်ငံ ကိုယ်စားလှယ် က ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ လုံခြုံရေး ကောင်စီ တွင် ဒမတ်စကပ်စ် အရှေ့ပိုင်း ဒေသ အခြေအနေ နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး အနောက်နိုင်ငံ များ၏ ဒမတ်စကပ်စ် အရှေ့ပိုင်း ဒေသ တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် တောင်းဆိုမှုများ သည် တစ်ဖက်သတ် ဖြစ်ပြီး ဆီးရီးယား နိုင်ငံ အစိုးရ ၏ ရပ်တည်မှု ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

ဒမတ်စကပ်စ် အရှေ့ပိုင်း ဒေသ သည် ဆီးရီးယား အစိုးရ အား ဆန့်ကျင်တိုက်ခိုက်သည့် လက်နက်ကိုင် အဖွဲ့အစည်း ၏ အရေးပါသည့် တပ်စခန်း တည်နေရာ တစ်ခု ဖြစ်သည်။ ယခု နှစ် ဇန်နဝါရီ ၂၆ ရက်နေ့၌ ဆီးရီးယား နိုင်ငံ အစိုးရ နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တို့က ဒမတ်စကပ်စ် အရှေ့ပိုင်း ဒေသ တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် သဘောတူညီခဲ့ကြသော်လည်း လတ်တလောရက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြန်လည် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.