Connect with us

Africa & Middle East

တန်ဇန်းနီးယား နိုင်ငံ တွင် ရထား နှင့် ဘတ်စ်ကား တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့ပြီး လူအများ ဒဏ်ရာရရှိ

တန်ဇန်းနီးယား နိုင်ငံ တွင် ရထား နှင့် ဘတ်စ်ကား တိုက်မှု ဖြစ်ပွား ခဲ့သည့် Kigoma ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဒါအိစလန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယား နိုင်ငံ အနောက်ပိုင်း Kigoma ဒေသတွင် ဇွန်လ ၆ ရက်နေ့ ၌ ကုန်တင် ရထား တစ်စင်း နှင့် ဘတ်စ်ကား တစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး ခဲ့ပြီး လူပေါင်း ၂၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွား သည့် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

Kigoma ဒေသ ရဲတပ်ဖွဲ့ တာဝန်ရှိသူ မာတင် အောဒီနို က ခရီးသည် ၂၀ ဦး လိုက်ပါခဲ့သည့် ဘတ်စ်ကား တစ်စင်း က Kigoma ဒေသ မှ တန်ဇန်းနီးယား နိုင်ငံ အလယ်ပိုင်း သို့ သွားရောက်နေစဉ် အတွင်း ကုန်တင် ရထား တစ်စင်း နှင့် တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် သေဆုံးသူ များနှင့် ပတ်သက်သည့် အချက်အလက် များကို အတည်ပြုနေဆဲ ဖြစ်ပြီး အခင်းဖြစ်ပွား ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေကြောင်း ၊ အခင်းဖြစ်ပွားချိန် ၌ ယင်းဒေသ တွင် ရထား နှင့် ဘတ်စ်ကား အကြား မြင်တွေ့နိုင်စွမ်း လွန်စွာ နည်းပါးခြင်း သည် အခင်းဖြစ်ပွား ရသည့် အဓိက အကြောင်းရင်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။

ရထား နှင့် ဘတ်ကား တိုက်မှု ဖြစ်ပွား ပြီးနောက် တွင် ဒေသတွင်း ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေး အဖွဲ့ တို့ က အခင်းဖြစ်ပွား ရာ နေရာသို့ အရေးပေါ် ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.