Connect with us

Africa & Middle East

အီရတ် နိုင်ငံ အစိုးရတပ်ဖွဲ့ က မိုဆူးလ် မြို့ ကို ၂ ရက် အတွင်း အပြီး သိမ်းပိုက်မည် ဖြစ်ကြောင်း ထုတ်ပြန်

အီရတ် နိုင်ငံ အစိုးရတပ်ဖွဲ့ မှ တပ်သား များ စစ်ရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မိုဆူးလ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ အစိုးရတပ်ဖွဲ့ က ၂ ရက် အတွင်း မိုဆူးလ် မြို့ ကို ဘက်စုံ အပြီး သိမ်းပိုက်မည် ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အီရတ် နိုင်ငံ Nineveh ပြည်နယ် စစ်ရေး ညွှန်ကြားမှုရုံး မှ တာဝန်ရှိသူ တစ်ဦး က မိုဆူးလ်မြို့ အား အပြီး သိမ်းပိုက်ရန် နောက်ဆုံး ရက်သတ်မှတ်ချက် သည် ဇူလိုင်လ ၆ ရက်နေ့ ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် မိုဆူးလ် မြို့ဟောင်း ၌ Maidan ဒေသသာ သိမ်းပိုက်ရန် ကျန်ရှိပြီး သိမ်းပိုက်ပြီးနောက် တွင် မိုဆူးလ်မြို့အား အလုံးစုံ သိမ်းပိုက်ပြီးစီ နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ မိုဆူးလ် ကို သိမ်းပိုက်ပြီးလျင် အီရတ် အစိုးရ တပ်ဖွဲ့အနေဖြင့် Nineveh ပြည်နယ် ရှိ IS အစွန်းရောက် အဖွဲ့အစည်း ၏ နောက်ဆုံးတပ်စခန်းကို ချီတက်တိုက်ခိုက်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရတ် နိုင်ငံ အစိုးရတပ်ဖွဲ့ သည် ဇွန်လ ၁၈ ရက်နေ့မှ စတင်၍ စစ်ရေးလမ်းကြောင်း ၃ ခုဖြင့် မိုဆူးလ် မြို့ ကို ချီတက် တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်တွင် မိုဆူးလ်မြို့ တိုက်ပွဲသည် ပြီးဆုံးမည့် အချိန်အပိုင်းအခြား သို့ ရောက်ရှိလာခဲ့သည်။

မိုဆူးလ် မြို့သည် အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် မြောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင်ရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လ ပိုင်းတွင် IS အဖွဲအစည်း ၏ သိမ်းပိုက်မှု ကို ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တွင် အီရတ် အစိုးရ တပ်ဖွဲ့သည် မိုဆူးလ်မြိုက ပြန်လည် သိမ်းပိုက်ရေး စစ်ဆင်မှု ကို စတင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.