Connect with us

Africa & Middle East

အီရန် က နပန်းပြိုင်ပွဲများတွင် အမေရိကန်အား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးတော့မည်မဟုတ်

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Bahram Qasemi အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က နိုင်ငံအတွင်း ကျင်းပမည့် ကမ္ဘာ့ဖလားနပန်းပြိုင်ပွဲများတွင် အမေရိကန်အလွတ်တန်းအမျိုးသား နပန်းအဖွဲ့အား ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပေးရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာနက ဖေဖော်ဝါရီ ၃ ရက်တွင်ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က ယင်းအကြောင်းအရာအား အထူးကော်မတီတစ်ရပ်ဖွဲ့စည်း၍ ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာ အမေရိကန်နပန်းအဖွဲ့ ပြိုင်ပွဲဝင်ရန် အီရန်နိုင်ငံသို့ လာရောက်ခြင်းကို ပိတ်ပင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း IRNA သတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။

မကြာသေးမီက အီရန်နိုင်ငံသားများအပေါ် တားမြစ်ချက်များ ချမှတ်ခဲ့သည့် အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ယင်းဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်ကြောင်း Qasemi ၏ ပြောကြားချက်ကို ကိုးကား၍ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပါအဝင် မူဆလင် ၇နိုင်ငံမှ နိုင်ငံသားများအား ပြည်ဝင်ခွင့် ပိတ်လိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဇန်နဝါရီ ၃၁ ရက်တွင် အမေရိကန်နိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။

တီဟီရန်မြို့တွင် ၂၀၁၇ခုနှစ် ကမ္ဘာ့ဖလားအမျိုးသားနပန်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၇ ရက် မှ ၁၈ ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.