Connect with us

Africa & Middle East

ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ IS အကြမ်းဖက် အဖွဲ့အစည်း ကို တိုက်ခိုက်သည့် စစ်ဆင်ရေး တိုးတက်မှု များရရှိ

ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ Ḥalab မြို့ ကို IS အကြမ်းဖက် အဖွဲ့အစည်း ထံမှ ပြန်လည် သိမ်းပိုက် ခဲ့စဉ် မြင်ကွင်း (ဆင်ဟွာ)

ဒမာသက် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဆီးရီးယား အစိုးရ တပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Aleppo ပြည်နယ် ရှိ IS အကြမ်းဖက် အဖွဲ့အစည်း ကို တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် တိုးတက်မှုများရရှိခဲ့ပြီး IS အကြမ်းဖက် အဖွဲ့အစည်း ထံမှ Aleppo ပြည်နယ် အရှေ့မြောက်ပိုင်း နယ်မြေ စတုရန်း ကီလိုမီတာ ၂၅၀ ခန့်ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန် ခဲ့သည်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့ စစ်ဦးစီးချုပ် က ဆီးရီးယား အစိုးရတပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း IS အကြမ်းဖက် အဖွဲ့အစည်း ၏ လူအင်အား နှင့် လက်နက်အင်အား ကိုပါ အထိနာစေအောင် တိုက်ခိုက်နိုင်ခဲ့ပြီး ကာကွယ်ရေး အဆောက်အအုံ နှင့် ဆယ်နှင့်ချီသည့် မြေအောက်လှိုင်ခေါင်း များကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ၊ ရာနှင့်ချီသော ဖောက်ခွဲရေး ဆောင်ရွက်သည့် ဗုံးများကို ဖယ်ရှားနိုင်ခဲ့ပြီး Aleppo ပြည်နယ် ကို ချိတ်ဆက်သည့် Ḥalab မြို့ နှင့် လက်ရှိချိန်တွင် IS အကြမ်းဖက် အဖွဲ့အစည်း လက်အောက်တွင် ရှိနေသေးသည့် al-Bab မြို့၏ လမ်းပိုင်း အချို့ကို ထိန်းချုပ် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့အနေဖြင့် Ḥalab မြို့ အနီးတဝိုက် တွင် လုံခြုံရေး နယ်မြေကို တိုးချဲ့သွားမည် ဖြစ်ပြီး IS အကြမ်းဖက် အဖွဲ့အစည်း ကို နောက်တစ်ဆင့် တိုက်ခိုက်မည့် စစ်ဆင်ရေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။ဆီးရီးယား အစိုးရ တပ်ဖွဲ့ သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင် IS အကြမ်းဖက် အဖွဲ့အစည်း ထံမှ Ḥalab မြို့ ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိချိန်၌ IS အကြမ်းဖက် အဖွဲ့အစည်း လက်အောက်တွင် ဆီးရီးယား နှင့် တူရကီ နိုင်ငံ နယ်စပ် ရှိ al-Bab မြို့ နှင့် IS အကြမ်းဖက် အဖွဲ့အစည်း ၏ ဌာနချုပ် ဖြစ်သည့် ဆီးရီးယား နိုင်ငံ အလယ်ပိုင်း Al-Raqqah မြို့ သာ ကျန်ရှိတော့သည်။(Xinhua)