Connect with us

Africa & Middle East

တန်ဇန်းနီးယားတွင် လမ်းမှားလာသည့် ဆင်ရိုင်းအကောင်ရေ ၁၅၀ ရွာများနှင့် စိုက်ခင်းများအား ဝင်ရောက်ဖျက်ဆီး

တန်ဇန်းနီးယား ရှိ တောဆင်ရိုင်းတစ်ကောင်အားတွေ့ရစဉ် (ဆင်ဟွာ)

တန်ဇန်းနီးယား၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်း ရှိ ရွာများအတွင်းသို့ လမ်းမှားလာသည့် ဆင်ရိုင်း ၁၅၀ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်များ နှင့် သီးနှံစိုက်ခင်း ၁၆၀ ဧက ပျက်စီးခဲ့ရကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ဆင်များသည် Serengeti အမျိုးသားဥယျာဉ်မှ လမ်းမှားလာခြင်းဖြစ်ကာ ယင်း သဘာဝဥယျာဉ်သည် မြောက်ပိုင်းအိုင်ယာလန်၏ အရွယ်အစားရှိပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း သတင်းဋ္ဌာနများ၏ ဖော်ပြချက်များအရ ဆင်ရိုင်းများ၏ ဝင်ရောက်ဖျက်ဆီးမှုဒဏ်ကို Simiyu ဒေသ ရှိ Itilima ခရိုင် အတွင်း၌ အဓိကအများဆုံး ခံစားခဲ့ရကြောင်း သိရသည်။

ဖော်ပြချက်များအရ ဆင်ရိုင်းများသည် လွန်ခဲ့သည့် သုံးရက်စလုံး ဒေသခံများ၏ စိုက်ခင်းများအား ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

အဆိုပါဧရိယာရှိ လယ်သမားတစ်ဦးဖြစ်သူ Nila Delefa က “ကျွန်တော့်ဘဝမှာ ဒီလောက်များတဲ့ဆင်အုပ်ကို တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က ကျွန်တော်တို့ကို ပြန်ရန်မူလာတဲ့အတွက် တောထဲပြန်မောင်းထုတ်ဖို့ မတက်နိုင်ခဲ့ ဘဲ လူတိုင်းရွာကိုစွန့်ပြီးထွက်ပြေးခဲ့ကြရတယ်” ဟုပြောကြားခဲ့သည်။

၎င်းက ဆင်ရိုင်းများ၏ ပထမအုပ်စုသည် ယင်းဧရိယာသို့ ဖေဖော်ဝါရီ ၁ရက်နေ့ကရောက်ရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းဒေသ၏ ရပ်ကွက်ကောင်စီဝင်တစ်ဦးဖြစ်သူ Ndulu Mtegwa က ဆင်ရိုင်းများ၏ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ရွာသား ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောခဲ့သည်။

Itilima ခရိုင် ကော်မရှင်နာ Benson Kilangi က ယင်းဖြစ်စဉ်အား အတည်ပြုပေးခဲ့ပြီး ဆင်ရိုင်းများကို သဘာဝဥယျာဉ်ထဲ ပြန်မောင်းထုတ်ရန် တောရိုင်းတိရစ္ဆာန်အရာရှိများကို ဆင်ရိုင်းများ ရှိရာဧရိယာများသို့ စေလွှတ်ပေးထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117