Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံး ဟု ဆီးရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ပျက်ဆီး ခဲ့သည့် ဆီးရီးယား သုတေသန စင်တာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ် နှင့် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ထံသို့ ပေးပို့ခဲ့သည့် စာတွင် အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယား နိုင်ငံ အရပ်သား ၂၂ ဦး သေဆုံး ခဲ့ရပြီး ဆီးရီးယား နိုင်ငံ အနေဖြင့် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ မှ ဆီးရီးယား နိုင်ငံ အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဆောင်ရွက်နေခြင်း ကို ရပ်တန့်ရန် တောင်းဆိုကြောင်း ပြောကြား ခဲ့သည်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ပေးပို့ခဲ့သည့် စာတွင် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ က လတ်တလော ရက်ပိုင်း အတွင်း Al-Hasakah ပြည်နယ် ၊ Raqqa ပြည်နယ် နှင့် Deir ez-Zor ပြည်နယ် ရှိ ရွာများစွာအား ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ရာ အပြစ်မဲ့ ဆီးရီးယား နိုင်ငံ အရပ်သား များ သေဆုံးမှု ဖြစ်ပွား စေခဲ့ပြီး နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ ၏ ဇွန် လ ၂ ရက်နေ့ မှ ၄ ရက်နေ့ အထိ Al-Hasakah ပြည်နယ် အတွင်း ဆောင်ရွက် ခဲ့သည့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦး သေဆုံး စေခဲ့ပြီး ပြည်သူလူထု တို့၏ အိုးအိမ် နှင့် အခြေခံ အဆောက်အဦ များကို ပျက်ဆီး စေခဲ့ကြောင်း ပါဝင် ခဲ့သည်။

၂၀၁၄ ခုနှစ် သြဂုတ် လ မှ စတင်၍ အမေရိကန် နိုင်ငံ က အီရတ် နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အား လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု များစတင် ဆောင်ရွက် ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ လ တွင် ဗုံးကြဲ တိုက်ခိုက်မှု ဧရိယာ အား ဆီးရီးယား နိုင်ငံ အထိ တိုးချဲ့ ဆောင်ရွက်ကာ နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့ ကိုလည်း ဖွဲ့စည်း လိုက်သည်။ ဆီးရီးယား နိုင်ငံ အစိုးရ က ယင်း ဆောင်ရွက်မှုများ သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ခွင့်ပြုချက် မရရှိဘဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် အမေရိကန် နိုင်ငံ ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ အများအပြား သေဆုံးကြောင်း ပြစ်တင်ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.