Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ အစိုးရ တပ်ဖွဲ့ က Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း တပ်ဖွဲ့ဝင် ၇ ဦး အား ပစ်ခတ်ရှင်းလင်း

Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း တပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နိုင်ရိုဘီ ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် Al-Shabaab အစွန်းရောက် လက်နက်ကိုင် တပ်ဖွဲ့ တို့က ဇန်နဝါရီ ၂၉ ရက်နေ့၌ နိုင်ငံတောင်ပိုင်း Bahia ပြည်နယ် တွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွား ခဲ့ရာ အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း တပ်ဖွဲ့ဝင် ၇ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ဆိုမာလီယာ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က အတည်ပြု ပြောကြား ခဲ့သည်။

Bahia ပြည်နယ် Buur Hakaba ဒေသ အရာရှိတစ်ဦး က သတင်းမီဒီယာ များနှင့် တွေ့ဆုံခဲ့ရာတွင် တိုက်ခိုက်မှု သည် ပြည်နယ် မြို့တော် Baidoa နှင့် Buur Hakaba မြို့ အား ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ အစိုးရ တပ်ဖွဲ့ အနေဖြင့် သတင်းပေးပို့ချက်များအရ Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း က တရားမဝင် ဂိတ်များ တည်ဆောက်ထားကြောင်း သိရှိခဲ့ရသည့် အတွက် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု အတွင်း အစွန်းရောက် အဖွဲ့အစည်း မှ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၊ အစိုးရ တပ်ဖွဲ့ အနေဖြင့် တပ်မှူး တစ်ဦး အပါအဝင် အစိုးရ တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ကြောင်း Buur Hakaba ဒေသ အရာရှိ ၏ ပြောကြားချက်အရ သိရှိရသည်။

Al-Shabaab အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း သည် AI-Qaeda အဖွဲ့အစည်း နှင့် အဆက်အသွယ် ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လတ်တလော နှစ်ပိုင်းတွင် ဆိုမာလီယာ နိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံ များတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.