Connect with us

Africa & Middle East

ဆီးရီးယားစစ်ဆင်ရေး ကာလအတွင်း လူမှုကွန်ရက်ပေါ်၌ အကြမ်းဖက်မှု ဝါဒဖြန့်သူ ၃၁၁ဦးကို တူရကီ ဖမ်းဆီး

အက်ဖရင်းမြို့အား နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများ ပြုလုပ်ရန် ရောက်ရှိနေသည့် တူရကီတင့်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံက ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့အား နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီးနောက် ယခုအချိန်အထိ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်မှု ဝါဒဖြန့်သူ စုစုပေါင်း ၃၁၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဇန်နဝါရီ ၂၉ရက်တွင်ပြောကြားခဲ့သည်။

အစိုးရရှေ့နေချုပ်ရုံးက အန်ကာရာ နှင့် အစ္စတန်ဘူလ် အပါအဝင် ပြည်နယ် ၆ခုတွင် တူရကီစစ်တပ်၏ စစ်ဆင်ရေးကို ဆန့်ကျင်သည့် လူမှုကွန်ရက် သုံးစွဲသူများကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အနည်းဆုံး လူမှုကွန်ရက်အကောင့်ပေါင်း ၅၇၁ခု ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသံသယရှိခံရသော လူမှုကွန်ရက်အသုံးပြုသူများသည် တူရကီ၊ အမေရိကန်၊ အီးယူ နှင့် ဆီးရီးယားဒီမိုကရက်တစ်ယူနီယံပါတီ (PYD) တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော ကာ့ဒ်အလုပ်သမား ပါတီ (PKK) ကို ထောက်ခံကြွေးကြော်သူများဖြစ်ကြောင်း တူရကီက စွပ်စွဲပြစ်တင်ခဲ့ကြောင်း သိရသည်။

တူရကီစစ်တပ် နှင့် ဆီးရီးယားလွတ်မြောက်ရေးစစ်တပ် (FSA) သည် ဇန်နဝါရီ ၂၀ရက်တွင် Olive Branch စစ်ဆင်ရေးအမည်ဖြင့် ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့ရှိ ဆီးရီးယားကာ့ဒ်ပြည်သူများကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.