Connect with us

Africa & Middle East

အာဖဂန်တွင် တာလီဘန် နှင့် IS စစ်သွေးကြွတို့အကြား တိုက်ပွဲများဖြစ်ပွား၍ စစ်သွေးကြွတစ်ဦး သေဆုံး

တာလီဘန် စစ်သွေးကြွအုပ်စုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရှီဘာဂန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ် Darzab ခရိုင် ရှိ အစွန်းရောက် IS အဖွဲ့ နှင့် တာလီဘန်စစ်သွေးကြွအဖွဲ့တို့ အကြား တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ ISစစ်သွေးကြွအဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ရီဇာဂါဖိုရီကပြောကြားခဲ့သည်။

တာဝန်ရှိသူ၏ ပြောကြားချက်အရ IS စစ်သွေးကြွအုပ်စုက တာလီဘန်အဖွဲ့ခေါင်းဆောင်တစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တာလီဘန်အုပ်စု က လက်တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီ ၁၅ရက် နံနက်ပိုင်းတွင် IS စစ်သွေးကြွတို့၏ စခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး စစ်သွေးကြွတစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွအုပ်စု က မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိကြောင်း သိရသည်။

တာလီဘန်စစ်သွေးကြွများသည် Darzab နှင့် Qush Tepa ခရိုင်များရှိ IS စစ်သွေးကြွအုပ်စုအား ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ် မှစ၍ IS စစ်သွေးကြွများသည် Darzab ခရိုင်နှင့် အိမ်နီးချင်း Qush Tepaခရိုင်တွင် တိုက်ပွဲများဆင်နွှဲခဲ့ပြီး ခိုင်မာစွာ ခြေကုပ်ယူခဲ့ကာ ၎င်းတို့၏ လွှမ်းမိုးမှုသြဇာ ကို Jawzjan၊ Saripul၊ Faryab နှင့် Balkh ပြည်နယ်များအထိ ချဲ့ထွင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.